Chapter-93

5.1K 607 7
                                    

Gu Xi heard the name "Liming" but she didn't pay it too much attention. (1)

.............
Unicode

သူမတောင် မသိလိုက်ဘူး။ ရှန်းရှို့ယန်နှင့် ဂူချန်းရီက စာရွက်တွေကို ပြန်အပ်ပြီးလို့ အတန်းနောက်မှာ အေးဆေးပလေးဆေးလုပ်နေကြသည်။ တစ်ယောက်က basketballကို လှည့်နေပြီး နောက်တစ်ယောက်က အိပ်နေသည်။

သူမက ပြန်လှည့်လိုက်ပြီး စာရွက်ကို နောက်ထပ်ပြန်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့လိုလယ်ဗယ်ကို လိုက်တုရန် သူမ ယတိပြတ် ငြင်းဆန်တယ်။

.............
မိနစ်60 ပြည့်သွား၍ ဆရာမက လူတိုင်း၏စာမေးပွဲစာရွက်တွေကို လိုက်ကောက်သည်။

ဆရာမလေးယောက်က စာရွက်တွေကို စစ်ဆေး လဲလှယ်မှုတွေကို ပြုလုပ်ကြသည်။ သူတို့က အမြန်ပင် အဖြေလွှာ8စုံလုံးကို စိစစ်အကဲဖြတ်ပြီးသွားကြသည်။

ကျောင်းအုပ်က လူတိုင်း၏အေဖြလွှာစာရွက်တွေကို ဂရုတစိုက်ကြည့်ကာ တခြားဆရာမတွေနှင့် စတင်ဆွေးနွေးလေသည်။ နောက်ဆုံး ဘယ်လိုအသင်းခွဲကြမလဲဆိုသည်ကို ဆုံးဖြတ်လိုက်နိုင်ကြသည်။

"အသင်းခွဲတာတာကို ကြေညာပေးမယ်"
ကျောင်းအုပ်က ပြောရင်း blackboardပေါ်တွင် နာမည်တွေကို ချရေးသည်။

"Event 1 သင်္ချာ, ဂူရှီ၊ ရှန်းရှို့ယန်၊ ဝမ်ကျိုးဝေ"

"Event 2 ဓါတု,........."

တစ်ဖွဲ့ချင်းစီတွင် အဖွဲ့ဝင်သုံးယောက်ပါသည်။

အံ့အားသင့်စွာ ဂူရှီ၊ ရှန်းရှို့ယန်နှင့် ဂူချန်းရီက နှစ်ခါတောင် ယှဥ်ပြိုင်ရမည်ဖြစ်၏။

ထိပ်ဆုံးဂျူနီယာအတန်းကလွဲရင် ကျန်တဲ့သူတွေက eventတစ်ခုတည်းသာ ယှဥ်ပြိုင်ကြရမည်။

ထားပါ ယန်ကျဲက ထိပ်ဆုံးဂျူနီယာအတန်းကမလို့။ အဲ့တာကတော့ အဓိပ္ပါယ်ရှိပါတယ်။

ဂူရှီနှင့် တခြားသူတွေက ဒုတိယနှစ်တွေပဲ ရှိသေးတယ်လေ။ ဘာလို့ ဆရာမက သူတို့သုံးယောက်ကို မနိုင်ဝန်ထမ်းဖို့ ရွေးလိုက်တာလဲ။

တခြားလူတွေက တွေဝေသွားသည်။

သူတို့က ဂူရှီနှင့် တခြားစာမေးပွဲစာရွက်တွေကို စပ်စပ်စုစု ခေါင်းထောင်ကာ ချောင်းကြည့်ကြသည်။
–သူတို့က ကွာခြားချက်တွေကို သိချင်ရုံတင်ပါ။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now