Chapter-148

5K 602 13
                                    

"We can do a livestream that is complete with presentation, taste and aroma."

.............
Unicode

"Gosh! နောက်ဆုံးတော့ တစ်ယောက်ယောက်က ခြေရာကောက်နိုင်သွားပြီ"
တုန်မင်မင်သည် ဆွေးနွေးမှုကို ဖတ်နေလျက် အီမိုရှင်နယ်ဖြစ်စွာ ပြောလာသည်။

သူတို့သာ ဆက်စဥ်းစားနေလျှင် ဒါတွေကို စတာက ဂူရွှယ်အာဆိုသည်အား သူတို့ရှာတွေ့နိုင်လောက်မည်။

တုန်မင်မင် တွေးလိုက်၏။

ဒါပေမယ့် သူမက အရမ်းရိုးရိုးရှင်းရှင်းသာ တွေးမိနေခြင်းဖြစ်သည်။

နောက်ကွယ်က ဘယ်သူလဲဆိုတာကို ဘယ်သူမှ ရှာမတွေ့နိုင်ခင် တရားဝင်အနုပညာဌာန၏ အကောင့်သည် စာတစ်ဆောင် ပို့စ်တင်လိုက်သည်။ သူတို့၏ ကြီးကြပ်ရေးတာဝန်အတွက် တောင်ပန်းခြင်းဖြစ်သည်။ ထိုဖားခေါင်းစွပ်က သူတို့အသင်းဝင်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် သူတို့အသုံးပြုလိုက်တာဖြစ်သည်။ ခေါင်းစွပ်တွေကို ပေးတာက ကျပန်းသာဖြစ်ပြီး ဒီခေါင်းစွပ်ကို ဝတ်တဲ့ တခြားသူတွေလည်း ရှိပေမယ့် ထွက်လာတဲ့ပုံတွေက မကောင်းသည့်အတွက် သူတို့က အခြားတစ်ခုနှင့် လဲလိုက်သည်။ ထိုအချိန်တွင် သူတို့ဂူရှီ၏နာမည်ကို ဖြုတ်ပစ်ရန်မေ့သွားပြီး ဓါတ်ပုံပြန်ရိုက်ရန် သူမကို ဆက်သွယ်လို့မရဖြစ်သွားခဲ့သည်။ ဓါတ်ပုံတွေအတွက် တာဝန်ယူရသည့် ကျောင်းသားသည် အာရုံအများကြီးမထားခဲ့ပြီး သူမ၏ပုံကိုပဲ သုံးလိုက်သည်။

ရှင်းပြချက်နှင့် တောင်းပန်မှုအပြီးတွင် လျှို့ဝှက်ကြံစည်မှု သီအိုရီများသည် နောက်ဆုံးတွင် ရပ်တန့်သွားသည်။

ကစားပွဲက ပြန်ပြောင်းသွားတာကို မြင်ရတော့ တုန်မင်မင်သည် အရမ်းစိတ်တိုသွားသည်။
"နောက်ကွယ်ကလူက ဂူရွှယ်အာဆိုတာ သေချာနေတာကို။ သူမက ကိစ္စတွေ ပိုကြီးကျယ်လာမှာ စိုးလို့ ဒီannouncementကို ထုတ်လိုက်တာရယ်"

"သူမက အရမ်းခြယ်လှယ်တတ်တာပဲ။ လူတွေက သူမဘယ်လိုလူမျိုးလဲဆိုတာကို မမြင်နိုင်အောင် အနုပညာဌာနတစ်ခုလုံးတောင် သုံးလိုက်တယ်"
တုန်မင်မင်သည် မပျော်ရွှင်စွာ ရေရွတ်လိုက်၏။ နောက်ဆုံးတော့ သူမသည် ဖြတ်သွားဖြတ်လာလေးကနေ ဂူရွှယ်အာ၏ anti-fanဖြစ်ရန် ဆုံးဖြတ်လိုက်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now