Chapter-70 "It looks like Lin Xi's parent is really some big shot." (4)

5.5K 605 15
                                    

Unicode

သူတို့က နောက်ပိုင်းကြ သူမတို့နှစ်ယောက်ကို ကျောင်းသို့ ခွဲပြီးတော့တောင် သွားခိုင်းလေသည်။

သူတို့က လင်းရှီ၏မကောင်းတဲ့ဂုဏ်သတင်းကြောင့် လင်းအန်ရှင်းကို ထိခိုက်မှာမလိုချင်ချေ။

............
သူမတို့က အမျိုးတော်သည်ဟု သတင်းတွေထွက်ရတဲ့အကြောင်းက လင်းအန်ရှင်းက သူမ၏freshman yearမှာ မေဂျာhomework assignmentတစ်ခုအတွက် လင်းရှီလုပ်ထားသည့်စာကို ထပ်လိုက်သည်။ သို့ပေမယ့် သူမကနာမည်ပြောင်းဖို့ မေ့သွား၏။

နောက်တော့ သူတို့နှစ်ယောက် ကျောင်းလာတဲ့လမ်းက အတူတူပဲဆိုတာကို ရိပ်စားမိလာကြသည်။

ဒါကြောင့်ပဲ ဒီသတင်းတွေ ထွက်လာတာဖြစ်သည်။

ထိုအချိန်က လင်းရှီ၏ကောလဟလတွေက အဆိုးဆုံးကို ရောက်နေချိန်ဖြစ်ပြီး ကျောင်းကလူတိုင်းကလည်း လင်းရှီကို ဝိုင်းကြဥ်ထားကြသည်။

ဒါကြောင့် လင်းအန်ရှင်းက သတင်းတွေကိုငြင်းလိုက်ချိန်မှာ နှစ်ခေါက်တောင်ပြန်မစဥ်းစားခဲ့ပေ။

ဘယ်သူကမှ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သက်သေကလည်း မရှိတာကြောင့် လင်းအန်ရှင်းငြင်းလိုက်တော့ သတင်းတွေက ပျောက်ကွယ်သွားတာဖြစ်၏။

"ဒါပေမယ့် ငါခံစားမိတာတော့ နင်တို့တွေ ကောလဟလတွေထဲက အရာရာတိုင်းကို ယုံလိုက်လို့မရဘူး။ လင်းရှီကိုကြည့်ရတာ တော်တော်ကောင်းတဲ့မိသားစုကနေ လာပုံရတယ်"

"မှန်တယ်။ လင်းရှီရဲ့မိဘတွေက အကောင်ကြီးကြီး အာဏာရှိရှိ ဖြစ်ပုံရတယ်"

ထိုနှစ်ယောက်က အတင်းတုပ်နေစဥ် လင်းအန်ရှင်း၏ မည်းသထက်မည်း မှောင်သထက်မှောင် နက်သထက်နက်လာသော မျက်နှာကို သတိမထားမိခဲ့ကြပေ။

ကားထွက်သွားသောဘက်ကို ကြည့်ပြီး လင်းအန်ရှင်းသည် စကားတစ်လုံးမှ မပြောခဲ့ချေ။ သို့ပေမယ့် သူမ၏လက်က ကျောင်းဝတ်စုံအစွန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူမမျက်လုံးထဲ၌ အမုန်းတရားတွေ ပြည့်နှက်နေသည်။

–သူမက လင်းရှီကို သူမတို့ကလေးဘဝကပင် မုန်းခဲ့တာဖြစ်သည်။ အိမ်မှာ သူမ ရနေသော အရာရာသည် လင်းရှီထက် ပိုသာပေသည်။ ဒါကြောင့် ဘယ်အရာရာနေနေ လင်းရှီက သူမထက်သာသွားမှာကို သည်းမခံနိုင်ပါ။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီTahanan ng mga kuwento. Tumuklas ngayon