Chapter-103

5.1K 604 13
                                    

Looking over at Gu Xi, what's with that unpleasant feeling that he was experiencing right now. (3)

.............
Unicode

"လီမင် မနှစ်ကတတိယနေရာရတဲ့ကျောင်း"

"ဟုတ်တယ်"
အသံသည် တင်းကျပ်နေလျက် ကောင်ကျစ်ဖန်က ပြန်ဖြေလေသည်။

သူ ရှန်းရှို့ယန်အကြောင်းကို သိတယ်။ သူက HSAU၏ ဒဏ္ဍာရီလာဖြစ်ပြီး တခြားကျောင်းက ထိပ်ဆုံးကျောင်းသားတွေ၏ ဒဏ္ဍရီလာလည်း ဖြစ်ပေသည်။

...........
ကောင်ကျစ်ဖန်သည် လီမင်တွင် ဒဏ္ဍာရီလာလိုမျိုး တည်ရှိမှုပင်ဖြစ်သည်။ သူက မိသားစုကောင်းကနေ လာတယ်၊ ရုပ်ချောတယ်၊ အမှတ်ကောင်းတယ်။ သို့သော်ငြား ရှန်းရှို့ယန်နှင့် ယှဥ်လိုက်လျှင် ဒါတွေအကုန်လုံးက အသေးအဖွဲ့သာဖြစ်သည်။

ဒါက ကောင်ကျစ်ဖန် ဒဏ္ဍာရီလာကြီးနှင့် မျက်နှာချင်းဆိုင် စကားပြောလို့ရသော ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ရှန်းရှို့ယန်သည် အေးဆေးတည်ငြိမ်နေပုံ ရှိပေမယ့် တခြားသူတွေကမူ သူ့၏ဖိနှိပ်တတ်သော အော်ရာကြီးကို ခံစားလို့ရပေသည်။

"ဒါဆို မင်းပြောချင်တာက တစ်ယောက်ယောက်က မင်းတို့အသင်းကို ဆွဲချလို့ မင်းတို့တွေက HSAUကို ရှုံးသွားတာလို့လား"
ရှန်းရှို့ယန်က ဆက်မေးလေသည်။

အနီးနားက HSAUမှကျောင်းသားတွေသည် ဘာလို့ ရှန်းရှို့ယန်ဒီလိုပြောတာလဲဆိုတာကို အာရုံမရကြပေ။ :ငါတို့က မှန်မှန်ကန်ကန် မလွဲဧကန်အနိုင်ရခဲ့တာပါနော်။ ဟုတ်ပြီလား။

ကောင်ကျစ်ဖန်သည် ရှန်းရှို့ယန်၏မေးခွန်းကြောင့် ပိုကြောက်ရွံ့လာရသည်။

"နောက်ဆုံးပြိုင်ပွဲမှာ ဂူရှီကြောင့် ငါထိခိုက်ခံလိုက်ရတာ"
ကောင်ကျစ်ဖန်က မပီတပီပြောလိုက်သည်။

ကောင်းကျစ်ဖန်က သူလိမ်နေတယ်လို့ကို မခံစားရပေ။ –သူ ဂူရှီလိုမျိုး မေးခွန်းတူကို ရွေးခဲ့ရသည့် အကြောင်းပြချက်က သူမကို မယုံကြည်နိုင်လို့ဖြစ်သည်။ ပြီးတော့ ပြိုင်ပွဲအတွင်းတွင် အဖြေမှန်ကို ရွေးထားပေမယ့် မသေချာမရေရာသော ပုစ္ဆာတွေ၌ ဂူရှီလည်းပဲ သူ့လို အဖြေတူတွေကို ဖြေထားသည်အား တွေလိုက်ရတော့ အဖြေတွေကို မမှန်ဘူးဟု သူခံစားလာရသည်။ ဒါကြောင့် သူက တခြားအဖြေတွေကို ပြောင်းပစ်ခဲ့၏။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now