Chapter-86

5K 550 10
                                    

Why did he feel that his boss had been very out of character as of late? (2)

...........
Unicode

ဂူရှီ,"product testing? အကုန်လုံး အဆင်ပြေရဲ့လား"

"အကုန်အဆင်ပြေပါတယ်"
ရှုဖေးက လက်ရမ်းကာ ထပ်ဆက်လေသည်။
"connectingအပိုင်းက ပြဿနာကို ဦးတို့ရှာတွေ့ပြီးသွားပါပြီ။ အခုဦးတို့ စကားပြောနေချိန်မှာတောင် သူတို့ကိုင်တွယ်နေလောက်မှာ။ အရမ်းမကြာပါဘူး"

ဂူရှီခေါင်းညိမ့်ပြလိုက်လေတော့သည်။

............
productကိစ္စဝိစ္စတွေကို ဖြေရှင်းကိုင်တွယ်နေရသည့်အတွက် ဂူရှောင်းသည် ယခုထိ အိမိပြန်မလာသေးပေ။

ညစာစားပြီးနောက် အခန်းထဲကနေ ဂူရှီသည် [AAA], [Lin]တို့နှင့်အတူ ထျန်းချူအန်းပြိုင်ပွဲအကြောင်း ဆွေးနွေးနေသည်။

10မိနစ်လောက် ဆွေးနွေးပြီးသည့်နောက်တွင် ထျန်းချူအန်းပြိုင်ပွဲကို ဝင်ရန်အသုံးပြုမည့် projectအား သုံးယောက်သား ဆုံးဖြတ်လိုက်ကြသည်။ တိတိကျကျပြောရရင် [AAA]ကသာ ဆုံးဖြတ်ချက်ချလိုက်သူဖြစ်သည်။

[AAA]: အိုကေ ဒါဆို ငါတို့ရဲ့projectက smart butler companion system နော်။

ဤsmart butler companion systemက ဂူရှီ၏အစောပိုင်းideaကို အဆင့်မြှင့်ထားတာဖြစ်သည်။––ရှင်းရှင်းပြောရရင် AI smart butlerနှင့် ဆင်၏။ smart butlerကို စက်ရုံကထုတ်ပေးလိုက်ချိန်တွင် 70%နှုန်းကိုသာ programသွင်းပေးထားမှာဖြစ်ပြီး ကျန် 30%ကိုတော့ self-learningနှင့် နောက်ပိုင်းupgradingအတွက် ချန်ထားပေးမှာဖြစ်သည်။

smart butlerက ကိုယ်တိုင်သင်ယူပြီး နေ့စဥ်အသုံးပြုမှုကနေ စုဆောင်းရရှိလာသော informationများကို မူတည်၍ updateလုပ်မှာဖြစ်သည်။ ဒါက smart butlerကို အသုံးပြုသူ၏ personality, အကြိုက်နှင့် အလေ့အကျင့်တွေကို ကျင့်သားရနေသားကျစေမှာဖြစ်၏။

နောက်ဆုံးရလာမည့်ရလဒ်သည် 50%က အခြေခံ smart serviceကဖြစ်ပြီး ကျန်50%က companionship serviceက စီမံပေးထားမှာဖြစ်သည်။

"ဒါပေမယ့်....."

တစ်ခြားဘက်ကတွေးရင်လည်း ဒါက နည်းနည်း လျော့တိလျော့ရဲနိုင်သလားလို့။

ဂူရှီသည် တစ်ယောက်တည်း ရေရွတ်နေသည်။

သူတို့တွေ အကြံထပ်ပေးချင်သလားဟု သူမ စာပို့မည်ကြံကာရှိသေး ထိုအချိန်တွင် [Lin]လည်းပဲ စာပို့လာလေသည်။
[Lin]: ငါ့အထင် ဒါကအလုပ်ဖြစ်မယ်ထင်တယ်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now