Chapter-160 "There will be no need for that. I respect the organizer's decision.

4K 534 6
                                    

Unicode

"အကဲဖြတ်တွေက ကျွန်တော်တို့topicရဲ့ယုတ္တိရှိမှုကို မေးခွန်းထုတ်တယ်ဆိုရင် အခု ကျွန်တော် ပြိုင်ပွဲရဲ့မျှတမှုကို မေးခွန်းထုတ်မယ်"

ရှန်းရှို့ယန်၏အသံသည် တည်ငြိမ်ပြီး သူ့အသံကို မမြှင့်ပေ။ သို့သော်ငြား သူ့အော်ရာက တုန်လှုပ်စေသည်။

အဓိကအားဖြင့် သူတို့တွေမှာလည်း မလုံမလဲအပြစ်ရှိစိတ်က ရှိနေတယ်လေ။
.........

လူငယ်လေးက ဘွင်းဘွင်းရှင်းရှင်း တရားမျှတမှုကို ထောက်ပြလာသည့်အခါဝယ် အကဲဖြတ်များသည် သူတို့၏ချွေးများကို တိတ်တဆိတ်သုတ်ပစ်လိုက်ရသည်။

ရုတ်တရက် ရုံးခန်းထဲကလေထုသည် တည်ငြိမ်လာပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်မတတ် ဖြစ်လာခဲ့သည်။

"မဖြစ်နိုင်တာ ငါတို့ရဲ့ပြိုင်ပွဲက......"
ခေါင်းဆောင်က သူပြောတာကို အဆုံးမသတ်နိုင်ခင် ရှန်းရှို့ယန်သည် သူ့အားစကားဖြတ်လိုက်သည်။

"ဒီပြိုင်ပွဲက တရားမျှတလား မမျှတဘူးလားဆိုတာပြဖို့ ကျွန်တော်သတ်သေတွေကို ရှာမယ်။ အတူတူပဲ ခင်ဗျားတို့လည်း ကျွန်တော်တို့ရဲ့ topicက ကျိုးကြောင်းမသင့်ဘူးလို့ ခင်ဗျားတို့ ဘာလို့ပြောရတာလဲဆိုတဲ့ သတ်သေကို ပြနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။"
ရှန်းရှို့ယန်အသံက အေးဆေးတည်ငြိမ်နေသည်။ သို့ပေမယ့် သူ့အသံပိုတည်ငြိမ်လေ သူယုံကြည်ချက်တွေ ပိုရှိလာလေဖြစ်သည်။

တုန်မင်မင်ကမူ ကြက်သေသေနေပြီဖြစ်၏။ နတ်..နတ်ဘုရားရှို့က နတ်ဘုရားရှို့ပါပဲ အရမ်းမိုက်တယ်။

အား.......သူမကသူရဲ့ဖန်အဖြစ်ပြောင်းသွားတော့မလို့။

တစ်ဖတ်တွင် ဂူရှီသည် တိတ်တဆိတ်ချွေးပြန်နေပြီ ဖြစ်သည်။

သူမသည် ရှန်းရှို့ယန်၏ လက်မောင်းအား သာသာလေးထိလိုက်ပြီး သူ့ကိုစကားပြောတာရပ်ရန် အမူအရာပြလိုက်သည်။

ရှန်းရှို့ယန်သည် သူပြောချင်တာကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီဖြစ်သည်။ အကြောင်းအရာတွေကို ချဲ့ကားလိုက်တာက ပို၍ဆိုးသွားစေပြီး ပို၍တောင် နိမ့်သောနေရာဆီသို့ ရောက်သွားစေလိမ့်မည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now