Chapter-169 "Actually, there's this other competition......"

3.3K 473 7
                                    

Unicode

"မဖြစ်နိုင်တာ....."
ဂူရှီသည် အသံဖျော့ဖျော့ဖြင့် ရေရွက်လိုက်သည်။ ထို့နောက် သူမက ကိုယ့်ကိုယ်ကို ဖြေသိမ့်သလို ဆိုလိုက်၏။
"သူတို့က နည်းနည်းတူရုံလေးတင်ရှိတာပါ။ အဲလောက်ကြီးတိုက်ဆိုင်နေတာမျိုးလည်း မဖြစ်နိုင်ပါဘူး"

သို့ပေမယ့် စုန်ခယ်ရှင်းနှင့် အတော်တူလှသော ဤအမျိုးသမီးကို ဂရုမစိုက်မိရန်မှာ ဂူရှီအတွက် အလွန်ခဲယဉ်းလှသည်။

.............
ကံကောင်းတာတစ်ခုကတော့ လူတိုင်းသည် ပရောဂျက်အပေါ်တွင် အာရုံများနေကြပြီး ဂူရှီ၏ ထူးဆန်းသောအမူအရာကို သတိမထားမိကြချေ။ ဂူရှောင်းသည် သူ့ကိုပေးလာသော စာရွက်စာတမ်းများကို ကြည့်ပြီး ဘက်မလိုက်တမ်း စကားဆိုလိုက်သည်။

" အကြောင်းအရာတွေက ကောင်းတယ်။ တောင်းဆိုမှုတွေကလည်း အကျိုးအကြောင်းသင့်တယ်။ စေ့စပ်ညှိနှိုင်းသူတစ်ယောက်အနေနဲ့ အတော်ကြီးကို ကြိုးစားပေးထားတာပဲ မစ္စတာချောင်"

စာရွက်စာတမ်းပေါ်က အဓိကအကြောင်းအရာများကို ဖတ်ရှုပြီးသော ရှုဖေးသည်လည်း ခေါင်းညိတ် သဘောတူလိုက်သည်။ ပင်လယ်ရေကြောင်း ပို့ဆောင်မှုစောင့်ကြည့်ရေး စစ်စတန်ကို မူလကအကျိုးမြတ်များစွာရမည့် ပရောဂျက်တစ်ခု ဖြစ်လာမည်ဟူ၍ မမျှော်လင့်ထားခဲ့ပေ။ အစောပိုင်းအဆင့်တွင်ပင် ဤအခြေအနေထိရောက်နေခြင်းက မဆိုးဘူးဟု ဆိုရမည်။

NTN၏ အကျိုးအမြတ်အား ဤလယ်ဗယ်အထိ တင်ပေးထားနိုင်ခြင်းကို ကြည့်ချင်းအားဖြင့် ချောင်လော့၏အလုပ်ကြိုးစားထားမှုမှာ သံသယပင်ဖြစ်စရာမလိုပေ။

ဂူရှောင်း၏စကားကို ကြားချိန်၌ ချောင်လော့သည်ချက်ချင်းပြုံးကာ ပွင့်လင်းစွာဆို၏။
"ဒီပရောဂျက်ကို လက်ခံလိုက်ရတာက ဥက္ကဌတို့နဲ့ long-term relationship ရှိချင်လို့ပါ ဥက္ကဌဂူ။ အဲတာကြောင့်ပဲ ဒီဟာပေါ်မှာ ခင်ဗျားငွေတွေ ဆုံးရှုံးသွားမှာကို ကျွန်တော်မမြင်ချင်တာပေါ့။"

"ပြီးတော့........"
ချောင်လော့သည် ဆက်မပြောခင်ခဏရပ်လိုက်သည်။
"စိတ်ချလိုက်ပါ ဥက္ကဌဂူ။ ဒီကုမ္ပဏီနှစ်ခုနဲ့ ကျွန်တော်တို့နဲ့ပူးပေါင်းဖို့လုပ်နေတဲ့ နောက်ကုမ္ပဏီတစ်ခုအပြင် နောက်ထပ်ကုမ္ပဏီဆယ်ခုကျော်နဲ့ ကျွန်တော်စာချုပ်ချုပ်ပြီးပါပြီ။ အကုန်လုံးက တရားဝင်အစိုးရအဖွဲ့အစည်းတွေကပါ။ အခြေအနေကလည်း ကောင်းမွန်ပြီးတော့ ရလဒ်ကောင်းတွေ ထွက်လာမယ်လို့လည်း ယုံကြည်ချက်ရှိပါတယ်။ ဒီကုမ္ပဏီနှစ်ခုလို သဘောတူညီချက်တွေ ရလာဖို့ ကျွန်တော်အကောင်းဆုံးလုပ်ပါမယ်။ ဘယ်လိုထင်လဲ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now