Chapter-133 Her "Big Brother" drew tow jealous look. (2)

5.2K 645 3
                                    

Unicode

ဂူရှောင်းသည် တစ်ချိန်လုံး စကားတစ်ခွန်းမပြောခဲ့ပေမယ့် သူ့နှုတ်ခမ်းသည် ကွယ်ဝှက်စွာ အပေါ်သို့ ပင့်တက်သွားသည်။ -အင်း မိန်းကလေးတွေကမှ အများကြီး ပိုချစ်ဖို့ကောင်းတာ။

..............
ထိုအချိန် ဂူမိသားစုတွင်

ဂူရွှမ်တွေးထားသည့်အတိုင်း သခင်ကြီးဂူသည် စိတ်မရှည်စွာ စောင့်ဆိုင်းနေလေပြီ။

အပေါ်အောက်ကို အကြိမ်အနည်းငယ် အတက်အဆင်းလုပ်ပြီးနောက် နောက်ဆုံးတွင် သခင်ကြီးဂူသည် တံခါးကို သွားကာ သူပုံစံက အပြင်ကို ထွက်တော့မည့်အတိုင်းဖြစ်နေသည်။

အိမ်တော်ထိန်းကျိုးသည် ရောက်လာပြီး သူ့ကိုတားရသည်။
"Sir အန်တီမိုင်က အခုလေးတင် ဖုန်းခေါ်ပြီး သူတို့လမ်းပေါ်မှာ ရောက်နေပြီလို့ ကျွန်တော်တို့ကို ပြောပြီးပြီလေ။ သူတို့ နောက်ထပ်မိနစ်20လောက်ပဲ ကြာလောက်မှာပါ။ ဒါမှမဟုတ် ဒုတိယသခင်လေးအိမ်ကနေ သိပ်မကြာခင် ရောက်လာကြတော့မှာပါ။ ဒီနေ့ အပြင်မှာ လေတိုက်တယ်။ အထဲမှာဝင်စောင့်တာက အကောင်းဆုံးပဲ"

အိမ်တော်ထိန်းကျိုးသည် သခင်ကြီးဂူဆီမှ မျက်စောင်းတစ်ချက်ကို ရရှိလိုက်သည်။
"မင်းဘာပြောတာလဲ။ ငါက သူတို့ကိုစောင့်နေတယ်? ငါက အပြင်က ငါ့ရဲ့အပင်ပေါက်လေးတွေကို စစ်ကြည့်ဖို့ သွားရုံလေးတင်။ ဘာလဲအဲ့တာနဲ့ပတ်သတ်ပြီး ကိစ္စရှိလို့လား"

သခင်ကြီးဂူသည် "ဖီးနစ်ငှက်က သဖန်းပိုးစာပင်မှာသာ နားလိမ့်မည်" ဆိုသော စကားပုံတစ်ခုကို ဖတ်ခဲ့သည်။ သူကိုယ်တိုင် စိုက်ပျိုးနိုင်ရန် တစ်စုံတစ်ယောက်ကို သူ့ဆီသို့ ပျိုးပင်ပေါက်တွေကို ယူခိုင်းလိုက်သည်။
(သဖန်းပိုးစာပင်က မေပယ်ပင်မျိုးနွယ်ဝင်ပါပဲ။ အရွက်လေးတွေကလည်း တော်တော်လေးတူတယ်။)

သို့သော်လည်း ဒါက သခင်ကြီးဂူစိတ်ထဲမှာ ရှိနေသည့်အရာ မဟုတ်ဘူးဆိုတာ သိသာလှပါသည်။

"အား ငါ့အပင်လေးတွေကို ရေလောင်းဖို့ အချိန်လားဆိုတာကို ကြည့်ရအောင်"
သခင်ကြီးဂူသည် အိမ်အပြင်ထွက်ရင်း သက်သက်သာသာ ပြောလေသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now