Unicode
"သမီးကို စန္ဒယားကျူတာ ခေါ်ပေးရဦးမလား"
ဂူရှီ သူမခေါင်းကို ခါလိုက်သည်။
"ဟင့်အင် မလိုပါဘူး။ သမီး အရင်ကျောင်းမှာ စန္ဒယားအတန်းတွေ တက်ဖူးတယ်။ ပြီးတော့ သမီး အနုပညာကော်မတီက ကောင်မလေးနဲ့လည်း ပြောပြီးသွားပြီ။ သူမက နောက်ရက်အနည်းငယ်မှာ သမီးကို လေ့ကျင့်ပေးဖို့ ကူညီလိမ့်မယ်"............
ဖျော့တော့သောအကြည့်သည် ဂူရျောင်း၏မျက်လုံးထဲက အနက်ရှိုင်းဆုံးအပိုင်းတွင် ပေါ်ပေါက်လာသည်။ဂူရှီ စန္ဒယားတီးတတ်တယ်ဆိုတာကို သူ မသိပေ။
အရင်တုန်းက သူ မခံစားဖူးပေမယ့် အခုတော့ သူမအရွယ်ရောက်လာတာကို သူလွတ်သွားသည့်အတွက် နောင်တရသလို ခံစားနေရသည်။
သူမအခန်း ပြန်ရောက်လာပြီးနောက် [AAA]က သူမကို စောင့်နေသေးကြောင်း နောက်ဆုံးတွင် အမှတ်ရသွားသည်။
[X]: အိပ်ပြီလား။[AAA]: မအိပ်သေးဘူး။
Responseက အလျင်အမြန် ရောက်လာခဲ့သည်။
[X]: မေးချင်တာက စောနလေးကနဲ့ အတူတူပဲ။ ငါတို့ စောစောလေးက ဆွေးနွေးခဲ့တဲ့ နည်းလမ်းကို holographic equipmentမှာ သုံးလို့ရလား။
ရှန်းရှို့ရန်သည် 'holographic equipment'လို့ ကြားချိန်တွင် အတော်အံ့ဩသွားရသည်။ ထို့နောက် တစ်ဖန်တွင် သူမအဖေက ဂူရှောင်းဆိုတာကိုနှင့် အန်ကယ်ဂူသည် equipmentအမျိုးမျိူးရှိလိမ့်မည် ဆိုတာကို အမှတ်ရသွားကာ ရှန်းရှို့ယန်သည် ပြန်တည်ငြိမ်သွားသည်။
အိုင်ဒီယာက အတူတူပဲဖြစ်ပေမယ့် holographic equipmentဆိုရင်တော့ codeက ပိုများလာမှာဖြစ်သည်။
[AAA}: အင်း။
[AAA]: မင်းလုပ်ချင်တဲ့ effectအတွက်က နည်းနှစ်နည်းရှိတယ်။ တစ်နည်းက မင်းဖျော်ဖြေမယ့်ဟာနဲ့ siteပေါ်မှာ playမယ့်ဟာကို ပရိုဂရမ်ကြိုသွင်းထားရမယ်။
ဤနည်းက ဖျော်ဖြေပွဲမတိုင်ခင် လေ့ကျင့်မှုတွေ အများကြီး လုပ်ထားဖို့လိုအပ်ပြီး ပရိုဂရမ်ကြိုဆွဲထားသော effectနှင့်လည်း တစ်ထပ်တည်းကျရန် လိုအပ်သည်။ ဟသွားတာပဲဖြစ်ဖြစ် ကောက်ကာငင်ကာ ပြောင်းလိုက်တာပဲဖြစ်ဖြစ် လုပ်လို့မရပေ။
YOU ARE READING
အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီ
Teen FictionStory is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and Eng translator.