Chapter-159 This design had no rationality nor feasibility to speak of.

4.6K 640 7
                                    

Unicode

အမျိုးသမီးအကဲဖြတ်ကမူ သူမအပေါ်တွင် အသိမှတ်ပြုသောအပြုံးကို ချိတ်ဆွဲထားသည်။ ထိုအရာက ဂူရှီကို ကြောက်ရွံ့မှုနည်းသွားစေခဲ့သည်။

"ပြီးတော့ ဒါက reportရဲ့အဆုံးသတ်ပါ။ အကဲဖြတ်တွေနဲ့ ဆရာ၊ဆရာမတွေကို ကျေးဇူးတင်ပါတယ်"
ဂူရှီနှင့်သူမအသင်းသည် သူတို့၏presentationကို သိမ်းထုတ်လိုက်ပြီး အကဲဖြတ်များကို ဂါရဝပေးလိုက်သည်။

............
အလယ်တွင် ထိုင်နေသော အကဲဖြတ်သည် ပထမဆုံးစကားပြောလာသည်။
"မင်းတို့ရဲ့topicက အတော်ကောင်းတယ်"

ဝေဖန်စကားသည် သဘောတူကြိုက်ကြောင်း မပြပေမယ့် ဂူရှီ၏အသင်းtopicတွက် သူ၏အသိမှတ်ပြုမှုကို လွယ်လင့်တကူ ရိပ်စားမိနိုင်ပါသည်။

ခဏရပ်ပြီး အကဲဖြတ်က စကားပြောင်းလေ၏။ သူတို့သည် မော်ဒယ်ကို ထောက်ပြကာ ဆိုသည်။
"မင်းတို့ရဲ့လက်ရှိမော်ဒယ်က ထုတ်လွှတ်တယ်လို့ပဲ ဆိုပါတော့။ အရသာငါးမျိုးနဲ့ အနံ့ကို ထုတ်ပေးတယ်။ အဲ့တာက နည်းနည်း weakဖြစ်သလိုပဲ။ အစားအစာအနံ့နဲ့ အရသာပေါင်းစပ်မှုက အရမ်းရှုပ်တယ်ဆိုတာကိုတော့ ဆရာတို့အကုန်လုံးသိပါတယ်"

အကဲဖြတ်၏မေးခွန်းကို ကြားချိန်၌ ဂူရှီသည် ခေါင်းညိတ်လိုက်သည်။ သူမသည် ရိုးသားစွာ ပြန်ဖြေဆိုပေး၏။
"ဆရာပြောတာ မှန်ပါတယ်။ အမှန်က သမီးတို့ရဲ့topicထဲမှာ ပြောထားတဲ့ အနံ့နဲ့အရသာထုတ်လွှတ်မှုက အများကြီးပိုပြီးရှုပ်ထွေးလှပြီး အသေးစိတ်လည်းကျတယ်။ သမီးတို့ရဲ့ပုံစံငယ်ရဲ့ နယ်ပယ်အတိုင်းအတာထက်ကို ကျော်လွန်ပါတယ်။ သမီးတို့က ပိုမြင်လာအောင် သရုပ်ဖော်ချင်လို့ ဒါကိုဖန်တီးထားရုံလေးပါ။ ပြီးတော့ အိုင်ဒီယာက ဖြစ်နိုင်တယ်ဆိုတာကို သတ်သေပြဖို့အတွက်ရော"

ဂူရှီ၏အဖြေသည် တစ်ဖက်စောင်းနင်းမဟုတ်ပေ။ အကဲဖြတ်များကလည်း အဖြေကို ကျေနပ်ကြသည်။

နောက်အကဲဖြတ်တစ်ယောက်ကလည်း ပါဝင်လာသည်။
"ဒါဆို ကျွန်တော့်မှာလည်း မေးချင်တဲ့မေးခွန်းတစ်ခုရှိတယ်။ မင်းတို့ရဲ့ပရောဂျက်processeအရဆိုရင် အစားအစာရဲ့ အနံ့ရော အရသာရောက ရှုပ်ထွေးလွန်းလှတဲ့ ဓာတ်ပေါင်းတွေလေ။ အထူးသဖြင့် အစားအစာရဲ့ အရသာအပိုင်းပေါ့။ နှိုင်းစာလိုက်ရင် အနံ့က ပိုလွယ်တယ်။ မင်းတို့လုပ်စရာလိုတာဆိုလို့ အနံ့ရဲ့substancesတွေကို အချိုးကျကျ ထုတ်လွှတ်ပေးလိုက်ရုံပဲ။ ဒါကြောင့် မင်းတို့အကြောင်းရာထဲမှာ ဖော်ပြထားတဲ့ အရသာအပိုင်းကိုကြ ဘယ်လိုဖြစ်အောင်လုပ်မယ်လို့ မင်းတို့စီစဉ်ထားလဲ။ ပြီးတော့ အသုံးးပြုသူတွေကိုရော တကယ်ဘယ်လိုခံစားလာအောင် လုပ်မလဲ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now