Chapter-56 Was Gu Shao heading over to Zhang Qiang's place? (2)

5.2K 597 2
                                    

Unicode

"အိုက်ရား..မင်းဒီလို ရှောက်ပြီးတရားစွဲလို့မရဘူး။ ကျောင်စီကမှ ကလေးကိုပြောင်းလိုက်တဲ့သူလေ။ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ ပြီးတော့ သူမကိုပိတ်လှောင်ထားတာက ကျောင်ချန်းလေ"
ကျောင်ရို့ဖုဇနီးဟာ ချက်ချင်းပင် ပြန်ချေပလိုက်သည်။ ရွာတစ်ဝိုက်မှာ ကုန်ကူးမှုအဖွဲ့တစ်ဖွဲ့က လှုပ်ရှားနေတာ။ ဖမ်းမိရင် ပြစ်ဒဏ်က သေးလှမည်မဟုတ်။

ဂူရှောင်းက ခံစားချက်ကင်းမဲ့စွာနှင့်ပင်
"တရားရုံးမှာ ခင်ဗျားတို့ရဲ့ ပါဝင်ပတ်သတ်မှုကို ပြောလို့ရတယ်။ ပြောသာပြောရတယ် တရားသူကြီးက ခင်ဗျားနဲ့ ကျွန်တော်ကိုဆို ဘယ်သူပြောတာ ပိုနားထောင်မယ်လို့ ခင်ဗျားထင်လဲ"

.........
အတည်ပေါက်ကြီး လိမ်ညာခြိမ်းခြောက်မှု လုပ်နေစဥ် ဂူရှောင်းသည် လင်းရှီ ကျောင်ချန်းကို ခြိမ်းခြောက်နေတုန်းကနှင့် တစ်ပုံစံပင်ဖြစ်သည်။

"ခင်ဗျားတို့မှာ City Aက တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့သားရှိတယ်မလား။ ဒီနှစ်ဘွဲ့ယူရတော့မယ်ထင်တယ်။ အလုပ်လည်းပဲ လုပ်ရတော့မယ့်ပုံပဲ။ သူ့မိသားစုက ပြစ်မှုမှတ်တမ်းရှိနေတာကို သူတို့သိသွားရင် အလုပ်မရမှာစိုးတယ်"

ဂူရှောင်းက သူမသားအကြောင်းကိုတောင် သိတယ်ဆိုတာကို ကြားရတော့ ကျောင်ရို့ဖု၏ဇနီးသည် ကြမ်းပြင်ပေါ် လဲကျသွားလေသည်။

ဂူရှောင်းက စကားကိုဆက်လိုက်လျက်
"အခု ကျွန်တော်က ခင်ဗျားတို့နဲ့ အကျိုးကြောင်းသင့်အောင် ကြိုးစားနေတာ။ ခင်ဗျားတို့က အကျိုးကြောင်းသင့်တာကို မလိုချင်ဘူးဆိုရင်တော့ ကျွန်တော်လည်း တစ်ခုခုလုပ်ရမှာပဲ"

ဘာခံစားချက်မှ မပါရင်တောင်မှ ဂူရှောင်း၏အော်ရာသည် တခြားသူတွေကို ခြိမ်းခြောက်ဖို့ လုံလောက်ပါသည်။

သူမ၏တစ်ဦးတည်းသော သားက သူမကမ္ဘာ၏ ဗဟိုချက်ပင်ဖြစ်သည်။ သူက အလုပ်ကြိုးစားနေတာ။ ကျောင်စီ၏သမီးလို အနာဂါတ်လိုမျိုးတောင် ရှိလာနိုင်သည်။ ထို့နောက် သူမကလည်း မြို့မှာကောင်းကောင်းနေနိုင်လိမ့်မည်။ ခြိမ်းခြောက်ထားသလိုတော့ သူမအဖြစ်ခံမည်မဟုတ်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now