Chapter-2 in the cliché angst novel(2)

6K 693 5
                                    

Unicode

လင်းရှီလက်သီးစုပ်လျက်
"သမီးတောင်းပန်မှာမဟုတ်ဘူး"
"ဒီနေ့လိမ်ပြောခဲ့တဲ့သူ အသေဆိုးနဲ့သေပါစေ။ သူရေသောက်ရင် ရေသီးပြီးသေပါစေ။ အိပ်နေချိန် ခေါင်မိုးပြုတ်ကျပြီးသေပါစေ။ အပြင်ထွက်ရင်လည်း ကားတိုက်ပြီးသေပါစေ"

လင်းရှီရဲ့စကားကိုကြားပြီး စုန်ခယ်ရှင်းလက်မောင်းထဲကလင်းအန်ရှင်းက တသိမ့်သိမ့်တုန်ပြီး စိတ်ကသိကအောက်ဖြစ်လာခဲ့၏။ သူမကလိမ်ပြောခဲ့တဲ့သူလေ။ သူမကကျောင်းမှာ လူရမ်းကားတွေနဲ့ ပြဿနာဖြစ်ခဲ့တယ်။ ဒီနေ့နေလည် ယန်ရွှယ်ချီက သူမကိုအနိုင်ကျင့်ဖို့ အုပ်စုလိုက်လာပြီး ရေကန်မှာတွေ့ဖို့ပြောခဲ့သည်။ လင်းအန်ရှင်းက သူတို့က ခြိမ်းခြောက်ပြီး သရုပ်ဆောင်လောက်ရုံပဲလို့ ယူဆလိုက်သည်။ ဒါပေမဲ့ သူတို့တွေ သူမ(လင်းအန်ရှင်း)ဆံပင်ကို ညှပ်ပြီး သူမအပေါ်ကို ဆေးခြယ်ဖို့လုပ်လာ၏။လင်းအန်ရှင်းလည်း ထိတ်လန့်လာပြီး သူတို့ဆီကနေ နောက်ဆုတ်ရင်း ရေ ကန်ထဲကိုချော်ပြီး ပြုတ်ကျသွားလေသည်။

အခုလင်အန်ရှင်းက အမှန်တရားကို မပြောပြရဲဘူး။ သူမပြောပြလိုက်ရင် သူမအမေနဲ့အဘွားက ဘာဖြစ်ခဲ့တာလည်းဆိုတာ သေချာပေါက်မေးတော့မှာ။ သူမကအမြဲတမ်း မိသားစုရှေ့မှာဆို လိမ္မာပြီး စကားနားထောင်တဲ့ ကလေးတစ်ယောက်လို အမြဲဟန်ဆောင်ခဲ့တာ။ သူမကကျောင်းမှာ တခြားကျောင်းသားတွေနဲ့  ရန်ပွဲတွေရှိပြီး ဒီလိုအဖြစ်မျိုးလည်း မနည်းရှိခဲ့ဖူးတယ်ဆိုတာကို မပြောပြရဲဘူး။

ဒီတစ်ဖတ်မှာတော့ လင်းရှီကနောက်ထပ် နားထင်ကို အရိုက်ခံလိုက်ရလေသည်။ သူမရဲ့ဦးနှောက်က လေတိုးသံလိုမျိုးတောင် မြည်တဲ့အထိဖြစ်ခဲ့၏။

ဒီတစ်ခါတော့ စုန်ခယ်ရှင်းက မတ်တပ်ထရပ်လာပြီး ရိုက်လိုက်တာဖြစ်သည်။

"နင်ဘာလို့ အဲ့လိုပြောရတာလဲ"
စုန်ခယ်ရှင်းရဲ့အကြည့်တွေက ပြင်းထန်နေခဲ့တယ်။

ရှုကျောင်းဖန်ကလည်း နှာခေါင်းရှုံ့လိုက်ပြီး
"နင်ဘာလို့ ဒီလောက်ငယ်ငယ်ရွယ်ရွယ်မှာတောင် ကြောက်စရာကောင်းရတာလဲ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now