Chapter-130 It was Gu Xuan, along with Gu Chenyi. (1)

5.3K 597 2
                                    

Unicode

ဂူရှောင်း၏တင်းမာသော သတိပေးမှုကြောင့် ဂူရှီသည် ဖုန်းကို အိပ်ကပ်ထဲသို့ ပြန်ထည့်ပြီး ဂူရှောင်းကို အပြစ်ရှိစွာ ပြုံးပြလိုက်သည်။ သူမက ခေါင်းညိမ့်လျက် နူးနူးညံ့ညံ့လေးဖြင့် ပြောလေသည်။
"အိုကေ"

...............
သူမ၏ဖုန်းသည် အိတ်ကပ်ထဲတွင် ဆက်လက်တုန်နေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ဂူရှီသည် နောက်တစ်ကြိမ် ဖုန်းကို ပြန်ထုတ်လိုက်သည်။

သူမက ဂူရှောင်းဘက်ကို တစ်ချက်ချောင်းကြည့်လိုက်သည်။

ဂူရှောင်းသည် အခု နောက်ထပ်ဖုန်းကောလ်ကို ဖြေနေပြီး တစ်ဖက်ကလူကို အမိန့်တွေပေးနေ၏။ ဂူရှီသည် ဖုန်းကို နောက်ထပ်ပြန်ထုတ်လိုက်ကာ သူမ၏တခြားလက်တစ်ဖက်သို့ ပြောင်းလောက်သည်။ ထိုင်ခုံပေါ် နေရာချလိုက်ကာ [AAA]နှင့် သူမ၏ဆွေးနွေးမှုကို ပြန်စမလို့ပြင်နေသည်။

သူမ ဒါတွေကို လုပ်နေသောအချိန်တွင် ဂူရှီသည် ဂူရှောင်းကို လုံးဝရှောင်နိုင်ခဲ့သည်ဟု ထင်ခဲ့သည်။ သို့သော် သူမ မသိသည်ကား ဂူရှောင်းက ဒါတွေအကုန်လုံးကို မြင်လိုက်တယ်ဆိုတာကိုပင်ဖြစ်သည်။

[ငါတို့ လူချင်းတွေ့သင့်တယ် ထင်တယ်။] ဤသည်က [AAA]ပြောလိုက်သော နောက်ဆုံးအရာပင်ဖြစ်သည်။

-ဒါက လွယ်ကူလှသော projectလေး မဟုတ်ပေ။ အထူးသဖြင့် self-learning emotionတုပခြင်းအပိုင်းတွင် ဖြစ်သည်။ ဒါက အနည်းငယ်ရှုပ်ထွေးသည့်ဘက်ကို ရောက်သွားပြီ။ ဖုန်းကနေ ချိတ်ဆက်ပြောဆိုရန်က ခက်ခဲလိမ့်မည်။ မျက်နှာချင်းဆိုင် ပြောရလျှင် ပိုလွယ်ကူသွားလိမ့်မည်။

ထို့အပြင် သူက ဒီbro[X]နှင့် ဆိုးဆိုးရွားရွားကို တွေ့ချင်နေတာဖြစ်သည်။ ထိုအရာကြောင့်နှင့် [Lin]ကိုလည်း မိတ်ဆက်ပေးချင်တာရောဖြစ်သည်။ သူတို့သုံးယောက်သာ အတူတကွ အဖွဲ့လိုက်ဆွေးနွေးလိုက်လျှင် အကြံတွေပိုရနိုင်လိမ့်မည်။

သူပြောချင်တာကို ဂူရှီနားလည်ပါသည်။ ဂူရှီ အနည်းငယ်လောက် တွေးကြည့်လိုက်သည်။ ပြီးတော့ သူတို့တွေကလည်း City Bမှာပဲဖြစ်ပုံရသည်။ သူတို့တွေ တွေ့တာပဲဖြစ်ဖြစ် video chatလုပ်တာပဲဖြစ်ဖြစ် လုပ်လို့ရသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now