Chapter-178 This pixilation technique looked somewhat familiar.

3.5K 436 6
                                    

Unicode

“ငါသဘောပေါက်ပြီ။ ဒီsmart systemက userရဲ့ identity၊ အလေ့အကျင့်တွေနဲ့ညီအောင် ညှိယူပေးနေတာ”

လူတစ်ယောက်က ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည်။
“ဖြစ်နိုင်လောက်တယ်။ ငါသိချင်တာက အဲ့တာက ကြိုလုပ်ထားတာလား။ အလိုအလျောက်ပြောင်းလာတာလားဆိုတာကိုပဲ”

အလိုအလျောက်ဖြစ်လာတာဆိုလျှင် ဤပရောဂျက်က သည်အထိရောက်လာတာက အဓိပ္ပါယ်ရှိတယ်။

............

ဆွေးနွေးမှုများက သံသဖြစ်မှုဆီမှ သိချင်စိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။

လူတိုင်း၏အာရုံစိုက်မှုအောက်တွင် ရှန်းရှို့ယန်သည် သရုပ်ပြမှုကို ဆက်လက်ထိန်းချုပ်ထားပြီး ဂူရှီကမူ မိတ်ဆက်ရမည့်အပိုင်းကို လုပ်ဆောင်လိုက်သည်။

ဂူရှီ,"လူကြီးမင်းတို့ မြင်ကြသည့်အတိုင်း နေ့စဉ်သုံး Smart Family Robotကို အခြေခံပြီး ကျွန်မတို့ရဲ့Smart Companionကို developလုပ်ပေးထားတာပါ။ စက်ရုပ်ရဲ့ 70ရာခိုင်နှုန်းက basic smart controlနဲ့ interactionဖြစ်ပြီး ကျန်30ရာခိုင်နှုန်းကတော့ self-learningဖြစ်ပါတယ်......"

သူမ၏အသံသည် ငြင်သာကာ ကြွကြွရွရွရှိလှသည်။ သေသေချာချာ နားထောင်ကြည့်ပါက စိတ်လှုပ်ရှားမှုအရိပ်ယောင်များကိုလည်း ကြားနိုင်ပေသည်။ သို့သော် သူမ၏ပဏာမမိတ်ဆက်သည် ရှင်းလင်းပါ၏။

ဂူရှီ မေးခွန်းတစ်ခုကို ထုတ်လိုက်သည်။
"ရှောင်ပေါင်ရဲ့ လက်ရှိအမူအရာကိုကြည့်ပြီး သူမရဲ့ownerက ဘယ်လိုလူမျိုးလဲဆိုတာ လူကြီးမင်းတို့ပြောနိုင်ပါလား"

လူတစ်ယောက်က တွေးဆဆဖြင့် ပြောလေသည်။
"အသက်ကြီးကြီးလူလား?"

တခြားသူများကလည်း စတင်ပါဝင်လာကြသည်။

"မျက်စိမှုန်တဲ့လူ"

"သွေးတိုးရောဂါရှိတဲ့လူ"

"ရိုးရာသီချင်းတွေကို နှစ်သက်တယ်"

"ပညာရေးပိုင်း အားနည်းတယ်"

"တောင်ပိုင်းသူ?"

.........

စတိတ်စင်ပေါ်ကလာသော ပရိသတ်၏တုံ့ပြန်သံများကို ဂူရှီ မကြားနိုင်ချေ။ ထို့ကြောင့် တခဏရပ်ပြီးနောက် သူမ ဆက်ပြောလေသည်။
"ရှောင်ပေါင်ရဲ့ownerက 78နှစ်အရွယ်လူကြီးတစ်ယောက်ပါ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now