Chapter-99

4.9K 632 14
                                    

Lin Anxin wanted to expose Gu Xi's infamous past in front of her new schoolmates. (3)

...........
Unicode

လင်းအန်ရှင်းက ဂူရှီကို ပညာရေးအပါအဝင် နေရာတိုင်းမှာ ဖိနှိပ်ဖို့ အမြဲရည်ရွယ်နေတတ်ပေမယ့် အမှန်က လင်းအန်ရှင်း၏အမှတ်တွေဟာ အမြဲတမ်း သာမန်ထက် အနည်းငယ်ပိုရုံသာဖြစ်သည်။

သူမက ဒီကိုအပျော်ခရီးထွက်ဖို့ ရောက်နေတာဆိုရင်တောင်မှ အဓိပ္ပါယ်မရှိလှချေ။

.........
သိမ်မနီးမဝေးကနေ လင်းအန်ရှင်း၏နူးနူးညံ့ညံ့အသံ ပေါ်ထွက်လာသည်။
"တခြားနေရာမှာ စားတာက ရှုခင်းအပြောင်းအလဲဖြစ်တာပေါ့။ ပြီးတော့ ရှေ့နားလေးက ပြတင်းပေါက်က viewကောင်းကောင်း ပေးလောက်တယ်။ ငါတို့busကား​ ရောက်လာရင်လည်း မြင်ရတယ်"

တကယ်တမ်း တခြားသူတွေက သူမ ပြောတာကို သဘောမတူပေ။ အခုလောလောဆယ် တခြားလူတွေ၏စိတ်ထဲတွင် ပြိုင်ပွဲသာရှိပြီး မနက်စာအတွက် ဘယ်နေရာထိုင်ရမလဲ၊ ဘယ်လို viewကောင်းကောင်းရမလဲဆိုတာကို သိပ်ဂရုမစိုက်ချေ။

သိုပေမယ့် ထိုအချိန်တွင် ယောက်ျားလေးတစ်ယောက်အသံက မြည်လာလေသည်။
"အိုကေ ဒါဆို အဲ့ဒီကိုသွားကြရအောင်"

ကောင်လေး၏သဘောတူမှုကြောင့် တခြားသူတွေလည်း ဆက်ငြင်းမနေတော့ပေ။

ဒါက 'တွေဆုံမှု' ဘယ်လိုဖြစ်လာသလဲဆိုတာ ဖြစ်သည်။

"Eh အဲ့တာက အရင်က ငါတို့ကျောင်းက လင်းရှီမဟုတ်ဘူးလား"
ဂူရှီဘက်ကို ညွှန်ပြလျက် လင်းအန်ရှင်းက အော်ပြော၏။

လင်းအန်ရှင်း၏အသံသည် အောင်အောင်မြင်မြင်ဖြင့် လီမင်ကျောင်းက လူတွေ၏အကြည့်တွေကို ဂူရှီဆီသို့ ရောက်သွားစေသည်။ HSAUက လူတွေကလည်း သူတို့ကို ကြည့်လိုက်ကြသည်။

ဤကျောင်းနှစ်ကျောင်းက စာမေးပွဲတွေ၊ ပြိုင်ပွဲတွေမှာ တစ်ကျောင်းနှင့်တစ်ကျောင်း ယှဥ်ပြိုင်မှုတွေက မည်သည့်အခါမှ မရပ်တန့်သွားပေ။

ပြိုင်ပွဲဝင်တွေ တစ်ယောင်နှင့်တစ်ယောက် တွေ့ကြသည့်အခိုက်တန့်တွင် လေထုသည် ခံစားရတာတစ်မျိုးကြီးဖြစ်နေသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now