Chapter-145

5K 646 43
                                    

There were a lot of girls there, most of them there for Sheng Xiuyang.

.........
Unicode

သူတို့တွေ ရုတ်တရက် မုန့်ဖိုးတောင်းလာရင် မင်းသတိထားဖို့လိုတယ်။ သူတို့တွေ တစ်ခုခုကို စွဲလမ်းနေတာ ဖြစ်ချင်ဖြစ်မှာ။ အရင်က ငါ့ကလေးဆို ရုတ်တရက်ကြီး ဗီဒီယိုဂိမ်းကစားရတာကို စွဲသွားတယ်။]

[ကျောင်းမှာ ဆိုးတဲ့ကျောင်းသားတွေရှိလား၊ မင်းကလေးက ဆိုးသွမ်းလူငယ်တွေနဲ့ ပြဿနာတွေရှိနေသလားဆိုတာကိုလည်း ကြည့်ဖို့လိုတယ်။]

............
ဝမ်ဝူသည် ပြန်စာတွေကို အမြန်ကြည့်လိုက်သည်။ အနည်းနှင့်အများက အဓိပ္ပါယ်ရှိပါတယ်။ ဘာလို့သူ့ဘော့စ်သည် စောစောက မျက်မှောင်ကြုံ့နေရတာလဲ။

ခဏကြာပြီးနောက် ဝမ်ဝူသည် အသံနိမ့်နိမ့်ဖြင့် တုံ့ဆိုင်းစွာ ပြောလာသည်။
"မမလေးရှောင်ရှီက အသေးဖွဲ့အသုံးအဆောင်တစ်ချို့ ဝယ်ဖို့ မုန့်ဖိုးလိုချင်တာ ဖြစ်ပါလိမ့်မယ်"
ဘာပဲဖြစ်ဖြစ် သူမအရွယ် ကောင်မလေးတွေက ချစ်စရာကောင်းတဲ့အသုံးအဆောင်တွေကို ဝယ်ရတာ ကြိုက်ကြတယ်လေ။

ဂူရှောင်းက ပြန်မပြောခဲ့ပေ။ သို့သော် ဂူရှောင်းသည် သူအခုလေးတင် ဒေါင်းလုပ်ဆွဲထားသော ဆောင်းပါးတစ်ပုဒ်ကို နှိပ်လိုက်သည်။

'သင့်ကလေးကို မုန့်ဖိုးပေးခြင်း၏အဓိပ္ပါယ်'

'အရွယ်တစ်ခု ရောက်လာတာနှင့် ကလေးက မုန့်ဖိုးလိုချင်ခြင်းသည် ပုံမှန်သာဖြစ်၏။ သင့်ကလေးကို မုန့်ဖိုးပေးခြင်းသည် သူတို့ကို ဖြုန်းတီးပစ်စေရန် သို့မဟုတ် တခြားသူတွေနှင့် ယှဥ်ပြိုင်တတ်စေရန် မြှောက်ထိုးပင့်ကော် ပြုလုပ်ပေးခြင်းမဟုတ်ချေ။ သူတို့ ပိုက်ဆံအား ဘယ်လို ဖြုန်းရမလဲဆိုသည်ကို ဆုံးဖြတ်တတ်စေရန်၊ ကြို၍ ဘယ်လို စီစဥ်ချရမလဲဆိုသည်ကို သင်ယူတတ်စေရန် အခွင့်ရေးတစ်ခုဖြစ်သည်။........'

—အိုကေ ဒီတစ်ခုက မဆိုးပါဘူး။

ဂူရှောင်းသည် တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်သည်။

............
ယခုထိ သူ၏ရှော့ခ်ရမှုအခြေအနေကို ပြန်မကုစားရသေးသော ဝမ်ဝူသည် မစ္စတာဂူက နောက်ထပ်ဖုန်းခေါ်ဆိုမှု ပြုလုပ်နေသည်ကို မြင်လိုက်ရသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now