Chapter 163- What mellowed out their boss all of a sudden?

4.2K 555 3
                                    

Unicode

အခုဆိုလျှင် ဟူဖေသည် လူငယ်တီထွင်မှုပြိုင်ပွဲမှာ ငါးကြိမ်မြောက် ပြန်အမှတ်ပေးတာတွေ ဖြစ်စေလိမ့်မည့် နောက်ထပ်ဒရမ်မာတွေ မဖြစ်ရန်သာ မျှော်လင့်မိသည်။

ထိုစကားကိုကြားပြီး ဂူရှောင်းသည် ခေါင်းညိတ်ကာ အေးဆေးစွာ ဆိုလေသည်။
"အဆင်ပြေပါတယ်"

ထိုစကားကြားပြီးနောက် ဘော့စ်ဟူသည် နောက်ဆုံး စိတ်သက်သာရာရသွားတော့သည်။

............
ဘော့စ်ဟူသည် ဂူရှောင်းကို ခေါင်းညိတ်ပြပြီး ဆိုလေ၏။
"နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် ပါမောက္ခဂူ။ ပြီးတော့ NTNရဲ့ စောစောက ဖိတ်ကြားမှုအတွက်လည်း ကျွန်တော်ကျေးဇူးတင်ပါတယ်"

ဘော့စ်ဟူသည် သိပ်မကြာသေးခင်က ကျင်းပခဲ့သော နည်းပညာစည်းဝေးပွဲညီလာခံကို ဆိုလိုတာဖြစ်သည်။

ဂူရှောင်းကသာ သူ့သမီး၏ပရောဂျက်ကို သက်သေပြရန် မကြိုးစားခဲ့ဘူးဆိုလျှင် ဘော့စ်ဟူ၏အဆင့်တန်းသည် NTNမှ ဖိတ်ကြားမှု ရလောက်သည်အထိ မလုံလောက်ပေ။

ပြောရလျှင် အဝေးထိန်း အနံ့နှင့်အရသာထုတ်လွှတ်မှုက အတော်လေး အံ့အားသင့်စရာကောင်းလှသည်။

"T&Sနည်းပညာအတွက် NTNရဲ့Planတွေက ဘာတွေလဲဆိုတာ ကျွန်တော် သိချင်မိသားဗျ"

ဘော့စ်ဟူသည် ပြောပြီးပြီးချင်း ဂူရှောင်းဆီမှ အေးစက်စက်အကြည့်တစ်ချက်ကို ရရှိလိုက်သည်။ ဘော့စ်ဟူ၏နှလုံးသားသည် တင်းကျပ်သွားသည် သူ စည်းကျော်မိသွားပြီဆိုတာကို သဘောပေါက်သွားသည်။

သူသည် အနည်းငယ်လောက် အေးခဲသွားပြီးနောက် အလျင်မြန် ရှင်းပြလေတော့သည်။
"ကျွန်တော် ဆိုလိုတာက ပါမောက္ခဂူ ခင်ဗျားရဲ့ကွန်ဆက်သဘောထားပုံစံငယ်ကို ဂူရှီအသင်းရဲ့ပုံစံငယ်အဖြစ် သုံးဖို့ရည်ရွယ်ထားသလားဆိုတာကိုပါ"

"ဂူရှီနဲ့သူမအသင်းရဲ့ပရောဂျက်က အရမ်းsolidဖြစ်တယ်လေ။ ပြီးတော့ သူတို့ရဲ့ သီအိုရီစာရွက်စာတမ်းတွေကလည်း အရမ်းကို ပြည့်စုံတယ်လေ။ သူတို့သာ ဒီမော်ဒယ်ကို သူတို့ရဲ့demonstrationအဖြစ် ရလိုက်လို့ကတော့ ဒုတိယပွဲစဉ်အတွင်း သက်ရောက်မှုက အများကြီးတိုးသွားလိမ့်မယ်။ ပိုပြီးတော့တောင် အံ့ဖွယ်ဖြစ်သွားပြီး သူတို့ အဆင့်တွေတော်တော်မြင့်မြင့်ရမှာ သေချာသွားလိမ့်မယ်"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now