Chapter-35 She quickly sent over the pictures that she had taken. (3)

5.4K 702 15
                                    

Unicode

ရုတ်တရက်ကြီး အန်တီမိုင်မှာ တောက်ပတဲ့ အပြုံးပန်းကြီး ပေါ်လာ၏။

"မမလေး ဗိုက်ဆာနေလောက်ပြီ။ မြန်မြန် အထဲဝင်။ ညစာ အဆင်သင့်ဖြစ်နေပြီ"
အန်တီမိုင်က လင်းရှီ၏ကျောပိုးအိတ်ကို သယ်ကာ လင်းရှီကို အထဲဝင်ဖို့ ပြလိုက်သည်။

လင်းရှီ ဂူရှောင်းကို လှည့်ကြည့်လိုက်မိ၏။

ဂူရှောင်း,"သွားရအောင်"

............
အန်တီမိုင်က လင်းရှီကို ထမင်းစားခန်းဆီ ပြလိုက်၏။

လင်းရှီ အန်တီမိုင်ပြောတဲ့ ညစာကို သာမန်ဟင်းပွဲလေးတွေလို့ပဲ ထင်လိုက်သည်။ သူမထမင်းစားခန်းထဲ ဝင်ပြီးပြီးချင်း မန်ချူး-ဟန် အင်ပါယာ စားပွဲတော်ကို ကြည့်နေရတယ်လို့တောင် ထင်သွားမိ၏။
(မန်ချူး-ဟန် အင်ပါယာ စားပွဲတော်က မန်ချူးနှင့် ဟန်တရုတ်လူမျိုးတွေရဲ့ ရိုးရာဟင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ စားပွဲအပြည့် စားပွဲတော်ကြီးပါ)

"..........."
ဖွားဖွားမိုင် အပါအဝင် သူတို့နှစ်ယောက်စာလား။ သူတို့ နည်းနည်း အပိုလုပ်လွန်းသလားလို့။

လင်းရှီ အံ့သြသွားပုံကို ကြည့်ပြီး အန်တီမိုင်က ရှင်းပြလိုက်၏။
"မမလေးရှီအတွက် ပထမဆုံးချက်ပေးရတာမလို့ မမလေး ဘာကြိုက်မှန်း မသိဘူးလေ။ အဲ့တာကြောင့် ဟိုစပ်စပ် ဒီစပ်စပ် လုပ်ထားတာ"

အမှန်က သူမ ညစာပြင်ပေးတုန်းက သူမ လင်းရှီအတွက် အကုန်လုံးကို ချက်ပေးချင်နေတာ။ သတိမထားမိလိုက်ပဲ သူမကောင်းကောင်း ချက်တတ်တဲ့ ဟင်းပွဲတွေအကုန်လုံးကို ချက်လိုက်မိ၏။

"သမီးကြိုက်တဲ့ ဟင်းပွဲကို ရွေးလိုက်"

"ပုံမှန်ဆို ဘာကြိုက်တတ်သလဲ မမလေးရှီ"

လင်းရှီ,"ဘာနေနေ အဆင်ပြေပါတယ်"

အန်တီမိုင်,"အာ သမီးက ဂျီးမများတတ်ဖူးပဲ။ အံ့သြစရာပဲ"

လင်းရှီ,"........"

"တစ်ခုခု ထူးထူးခြားခြားကြိုက်တတ်တဲ့ တစ်ခုခု မရှိဘူးလား။ ချိုတာနဲ့ ငံငံစပ်စပ်ဆိုရင် ဘယ်ဟာပိုကြိုက်လဲ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now