Chapter-109 That was short of a public execution. (2)

5.3K 643 13
                                    

Unicode

"ဒါဆို စတာနဲ့ ငါတို့မြန်နိုင်သလောက် မြန်မြန်တွက်မယ်။ မရတဲ့အပုဒ်တွေကို ကျော်မယ်။ ပြီးမှ ငါတို့တွေ ဖလှယ်ကြည့်လို့ရတယ်"

ရှန်းရှို့ယန် ဂူရှီကို ကြည့်လျက် ပြောလေ၏။
"ဟုတ်ပြီ"

..........
time-limitပြိုင်ပွဲသည် စလေပြီ။ ဂူရှီနှင် ရှန်းရှို့ယန်သည် တိတ်ဆိတ်စွာ စဖြေလိုက်ကြသည်။ တစ်ယောက်က အထက်အောက်သွားပြီး နောက်တစ်ယောက် အောက်ကနေ အထက်ကိုသွားလေသည်။ ဘယ်သူကမှ တစ်ယောက်နှင့်တစ်ယောက် မနှောင့်ယှက်ကြပေ။

တစ်ချိန်တည်းတွင် စောင့်ဆိုင်းareaနှင့် နားနေareaတွင် screenကြီးနှစ်ခုပေါ်တွင် ပြသနေမှုသည် columnနှစ်ခုအဖြစ် ပြောင်းသွားသည်။

ယှဥ်ပြိုင်နေသော ကျောင်း26ကျောင်း၏ အသင်းနံပါတ်တွေသည် ဘယ်ဘက်တွင် နံပါတ် '1' '2'အရပေါ်လာလေသည်။

"အဲ့တာ ဘာတွေလဲ"
လူအများသည် သိချင်စိတ်ပြင်းပြလာကြသည်။

"ကျောင်းတိုင်းက ဒီပေါ်မှာပေါ်နေတယ်။ သူတို့တွေက ရမှတ်တွေကို တိုက်ရိုက်liveပြမှာလား"
အခုပြိုင်ပွဲက paperlessအဖြစ် ပြောင်းသွားပြီဖြစ်သည်။ အမှတ်စစ်တာက အလွန်မြန်လာလိမ့်မည်။

"ဒါဆိုရင် '1'နှင့် '2'က ဒီပွဲစဥ်မှာ ပြိုင်တဲ့ သက်ဆိုင်ရာပြိုင်ပွဲဝင်နှစ်ယောက်လား"

"အိုကေ။ ဒါဆို တခြားတစ်ဖက်က ဘာမှမပေါ်တဲ့ဟာကရော ဘာကြီးလဲ"

လူတိုင်းက သူတို့အတွေးတွေကို မျှဝေလာသည်။

ရုတ်တရက် နံပါတ်တစ်ခုချင်းစီဘေးက အစိမ်းပြောက်လေးပေါ်လာသည်။ အစိမ်းပြောက်လေး၏အပေါ်မှာတော့ နောက်ထပ်နံပါတ်ရှိလေသည်။

"Oh shit! အဲ့တာက လူတိုင်းရဲ့လက်ရှိအခြေအနေ ဖြစ်နိုင်မလား"
တစ်ယောက်က တအံ့တသြ အော်ပြော၏။

လင်းလာသည့် အပြောက်တစ်ခုချင်းစီက အဖြေမှန်ကို ဆိုလိုတာဖြစ်ပြီး အပေါ်က နံပါတ်လေးတွေကတော့ သက်ဆိုင်ရာမေးခွန်းနံပါတ်ဖြစ်သည်။

"Oh my gosh အခုငါတို့ ပြိုင်ပွဲကို liveကြည့်နေရတာလား"
live timeတွင် ပြိုင်ပွဲဝင်တိုင်း ဘာတွေလုပ်နေကြလဲဆိုတာကို သူတို့မြင်ရသည်။ မည်သို့ပင်ဆိုစေကာမူ ဒါက basketballပြိုင်ပွဲကို ကြည့်ရတာထက်ပင် ပိုစိတ်လှုပ်ဖို့ကောင်းတယ်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now