Chapter-110

5.4K 663 29
                                    

Lin Anxin probably had to face the consequences of her action after her return. (1)

...........
Unicode

"အနောက်ကနေ သွားတယ်။ ငါတော့ အကွက်တွေ သင်ယူလိုက်ရပြီ......."
No.5ကျောင်းက ကောင်လေးတစ်ယောက်က ပြောလေသည်။ အရင်တုန်းက ဒီလိုမျိုး လုပ်ခဲ့တဲ့သူ ရှိလားဆိုတာကို သူသေချာ မသိပေမယ့် ဒီလိုမျိုး သူတစ်ခါမှ မကြုံဘူးတာတော့ သေချာပါသည်။

..............
"HSAUအသင်းက နှစ်ယောက်ထဲကတစ်ယောက်က ရှန်းရှို့ယန်ဆိုတာကို ငါသိတယ်။ နောက်တစ်ယောက်က ဘယ်သူလဲ"
တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။

ထိုလူဘေးနားက လူသည် မျက်မှောင်ကြုံ့လျက် အချိန်ကြာကြာ ပြင်းပြင်းထန်ထန် စဥ်းစားပြီး နောက်ဆုံးတော့လည်း သူ့ခေါင်းကို ခါပြလိုက်သည်။
"ငါမသိဘူး။ သူတို့ကို ငါမသိဘူး"

"ဒါပေမယ့် နှစ်ယောက်စလုံးက အတော်မြန်တယ်နော်"

screenပေါ်တွင် HSAUအတန်းအောက်က နံပါတ်1နှင့် နံပါတ်2 နှစ်ယောက်စလုံးသည် အပေါ်အောက်ပဲဖြစ်ဖြစ် အောက်အပေါ်ပဲဖြစ်ဖြစ် အရမ်းကို လျှင်မြန်နေသည်။

"ဂိမ်းထဲကမြွေတောင် ဒီလောက်မမြန်ဘူး"

"ပြောရရင် နာမည်ကြီးတဲ့ရှန်းရှို့ယန်တော့ကို ငါကြားဖူးတယ်။ HSAUက နောက်ထပ်အင်အားကြီး ထူးချွန်ကျောင်းသားတစ်ယောက်ကို ဘယ်အချိန်လောက်က ရသွားတာလဲ"

"ငါ့အထင် ကောင်မလေးထင်တယ်။ HSAUက ဒီတစ်ခါမှာ ပြိုင်ပွဲဝင်ကောင်မလေးနှစ်ယောက် ပါလာတယ်"
သူတို့လုပ်စရာဆိုလို့ စောင့်ဆိုင်းareaမှ မော့ကြည့်လိုက်ရုံသာဖြစ်ပြီး နောက်ပြိုင်ပွဲဝင်က ဘယ်သူဆိုတာ ရှာတွေ့သွားနိုင်လိမ့်မည်။

"Oh ဟုတ်တယ်။ ကောင်မလေးက တော်တော်လှတယ်"

..........
"Em? ဘာလို့ ကွက်လပ်အပြောက်ကြီး ရှိနေတာလဲ"
screenကို ညွှန်ပြလျက် တစ်ယောက်က မေးမြန်းလေသည်။ လူတိုင်း၏အာရုံသည် အတင်းတုပ်ရာမှ screenပေါ်က အပြောက်ဆီကို ပြန်ရောက်သွားကြသည်။

"သူတို့ တစ်ပုဒ်လွတ်သွားလို့လား"

"ဒါမှမဟုတ် အဲ့အပုဒ်ကို ကျော်လိုက်တာနေမှာ"
တွေးတောလျက် တစ်ယောက်က ပြန်ဖြေလေသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now