Chapter-74

5.1K 586 18
                                    

She wasn't sure if it was her imagination, but she seemed to be followed. (1)

Unicode

"ငါပြောတာကို နားထောင်ရုံနဲ့ နင်သဘောမပေါက်လောက်ဘူးဆိုတာကို ငါသိတယ်။ နောက်လပတ်စာမေးပွဲမှာ အပြတ်သတ်နိုင်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို နင်တွေ့ရလိမ့်မယ်"

ဂူရှီ,"........."

တုန်မင်မင်စကားပြောပြီးနောက် ဂူရှီသည် ရှန်းရှို့ယန်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ သူကသာမန်ပါပဲလို့ သူမ ဘာလို့ခံစားနေရတာလဲ။

.............
စာသင်ခန်း၏အခြားတစ်ဖတ်တွင် ဒီနေ့ ရှန်းရှို့ယန် အစောကြီးရောက်လာတာကို မြင်ပြီး လူတိုင်းက သူတို့ ဝက်တွေပျံနေတာကို မြင်နေရသည့်အတိုင်း ဖြစ်သွားကြသည်။

"အကိုယန် ဒီနေ့ဘာလို့အစောကြီး ရောက်လာတာလဲ"
အဲ့တာက မဖြစ်နိုင်ဘူးလေ။

ရှန်းရှို့ယန်က ပြောလိုက်သည့်လူအား အေးအေးစက်စက် လှမ်းကြည့်ကာ ဘာမှမပြောခဲ့ပေ။ –chatgroupထဲမှာ မည်သူကမှ သူ့ကို စာမပြန်၍ မနေ့ညက သူစောစောအိပ်ရာဝင်သွားလို့ ဆိုတာကို သူပြောပြလို့မရပါ။ ဒါကြောင့်မို့ မနက်ရောက်တော့ သူဆက်မအိပ်နိုင်တာဖြစ်သည်။

"အိပ်မပျော်တဲ့ရောဂါ ရှိနေလို့လား အကိုယန်"

"........"

သူ့ရှေ့က ဝမ်ရန့်ခိုင်ကို စိုက်ကြည့်ပြီးနောက် ရှုန်းရှို့ယန်က ဝမ်ရန့်ခိုင်ကို မကျေမလည်ကြည့်လာသည်။
"မင်း ဘာလို့ဒီမှာလာထိုင်နေတာလဲ"

"လောင်ချန်း(ဆရာမချန်း)က ရွှေ့လိုက်တာ။ ငါတို့ဆီကို ကျောင်းသူအသစ်ပြောင်းလာတယ်လေ။ ဒါကြောင့် လောင်ချန်းက နေရာတွေကို နည်းနည်းပြောင်းထားတာ"
ထိုသည်ကိုပြောပြပြီး ဝမ်ရန့်ခိုင်ကပင် ဆက်ပြောလာသည်။
"အကိုယန်က မနေ့ကဒီမှာမရှိတော့ အခုထိကြားရသေးမှာ မဟုတ်ဘူး"

"ကျွန်တော်တို့ဆီကို အတန်းဖော်အသစ် ရောက်လာတယ်။ ကောင်မလေး~~"

ဝမ်ရန့်ခိုင် ပြောပြီးသည်နှင့် တခြားလူတွေလည်း စကားဝိုင်းထဲ ပါဝင်လာကြသည်။

"ပြီးတော့ လှလည်းလှတယ် keke"

"ကြည့်လိုက် အကိုယန် သူမကဟိုဘက်မှာ"
တစ်ယောက်က ဂူရှီဘက်ကို လက်ညှိုးထိုး၍ ပြောလာ၏။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now