Chapter-117 "Please look only at your son then." (1)

5.4K 626 16
                                    

Unicode

"ငါ့အထင် ကောင်မိသားစုကတော့ သွားပြီပဲ"

ကောင်မိသားစုပင် မဟုတ်ချေ။ အောက်က commentတွင် လူတစ်ယောက်သည် ဖော်ပြထား၏။ :ကောင်မိသားစု၏ရေရှည်ပါတနာအနေနှင့် လင်းကော်ပိုရေးရှင်းကလည်း ပါဝင်ဆွဲချခံနေရတယ်။ လှိုင်းဂယက်effectတွေက အတော်အဝေးကြီးအထိ သက်ရောက်နေပါတယ်။

.............
ဂူချန်းရီသည် news applicationကို မပိတ်ခင် ဖုန်းပေါ်၌ နောက်ထပ်ဆောင်းပါးအနည်းငယ်ကို ဖတ်နေလိုက်သည်။

သူက မျက်ခုံးပင့်ကာ ဂူရှီကိုပြောလေသည်။
"ကောင်မိသားစုမှာ ဖြစ်သွားတာက သေချာပေါက်ကို ပထမ အမ်......."

သူ့ကိုယ်သူ ပြန်ဖော်မိတော့မလို့ဆိုတာကို ဂူချန်းရီ သဘောပေါက်သွားချိန်တွင် သူက စကားတစ်ဝက်လောက်ရောက်နေပြီဖြစ်သည်။ ကံကောင်းစွာ သူ အချိန်မှီရပ်နိုင်လိုက်၏။

"ငါပြောချင်တာက ဒါက သူ့မိသားစုအတွက် အရင်ကလုပ်ခဲ့တဲ့ မကောင်းတဲ့ကံအကျိုးပဲ"
ကောင်ကျစ်ဖန်ကို ကြည့်လိုက်လျှင်ပဲ ကောင်မိသားစုသည် ရိုးဖြောင့်သောလူတွေ မဖြစ်နိုင်ပေ။

ဂူချန်းရီ ကြိုးစားဖုံးကွယ်နေတာကို ကြည့်ပြီး ဂူရှီသည် မရယ်မိအောင် အကောင်းဆုံးကြိုးစားကာ ခေါင်းညိမ့်ပြလိုက်သည်။

သူပြောနေတာကို ဂူရှီ သတိထားမိပုံ မရတာကို မြင်၍ ဂူချန်းရီသည် ဂူမိသားစု chatgroupကို ဖွင့်ကာ သူ့ပထမဦးလေးကို မန်းရှင်းခေါ်လိုက်သည်။

ဂူချန်းရီ: [Hehe ပထမဦးလေး။ ကောင်မိသားစုကိစ္စနောက်ကွယ်ကလူက ဦးလေးလား]

ဂူဖန်းသည် onlineပေါ်ရောက်လာပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေလေသည်။
ဂူဖန်း:[အသေးအဖွဲ့lessonလေးပါ]

–လွန်ခဲ့တဲ့နှစ်တွေလောက်က အစိုးရသည် တစ်ချို့သော အပုပ်အပွပိုင်းတွေကို ရှင်းပစ်ရန် အစီစဥ်ဆွဲနေခဲ့ခြင်းဖြစ်သည်။ သူက ဖုန်းလေးလှမ်းဆက်လိုက်ရုံသာ။ ကောင်မိသားစုကသာ သူတို့ကိုယ်သူတို့ ဖုံးကွယ်တဲ့နေရာမှာ ကောင်းကောင်းမလုပ်ခဲ့လို့သာဖြစ်သည်။

သူ့ပထမဦးလေး၏ သာမန်မှတ်ချက်စကားကို ကြည့်ပြီး ဂူချန်းရီ၏နှုတ်ခမ်းသည် အနည်းငယ်တွန့်သွားခဲ့သည်။ ခင်ဗျားက ဒါကို အသေးအမွှားlessonလေးလို့ ခေါ်တာလား?

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now