Chapter-112

5.2K 673 19
                                    

Lin Anxin probably had to face the consequences of her action after her return. (3)

...........
Unicode

စောဏလေးကအချိန်တွင် လင်းအန်ရှင်းသည် ဂူရှီသည် တစ်နည်းနည်းဖြင့် ရလဒ်တွေကို ခြယ်လှယ်ချုပ်ကိုင်လိုက်တာဟု မလျှော့တမ်းပြောလို့ရသေးသည်။ ဒါပေမယ့် အခုတော့ အရာရာကို စောင့်ကြည့်ဗီဒီယိုကနေ ရှင်းရှင်းလင်းလင်း မြင်နေရပြီ။ သူမ ဘာပြောလို့ ရဦးမှာလဲ။

............
လူတိုင်း၏အာရုံသည် အခုလောလောဆယ် ပြိုင်ပွဲပေါ်တွင်သာ စိုက်ထားကြသည်။ သို့ပေမယ့် ပြိုင်ပွဲပြီးသွားသည်နှင့် သူမ လိမ်နေတယ်ဆိုတာကို လူတိုင်းက သိသွားကြလိမ့်မည်။ မဖြစ်နိုင်ဘူး။ ဂူရှီကို လူရှေ့သူရှေ့ ပွင့်ပွင့်လင်းလင်း သူမ မတောင်းပန်နိုင်ဘူး။

ထိုအကြောင်းကို တွေးမိကာ လင်းအန်ရှင်းသည် အံကိုကြိတ်လျက် စောင့်ဆိုင်းareaမှ ပြေးထွက်သွားသည်။

သူမဘေးနားလေးက ထိုင်နေသော ကောင်မလေးနှစ်ယောက်သည် မျက်မှောင်နက်နက်ကြုံ့လိုက်သည်။

"လင်းအန်ရှင်း ဘယ်သွားနေတာလဲ"

"ဘယ်သွားနေတယ်လို့ နင်ထင်လို့လဲ။ စောစောက သူမက တမင်သက်သက် လင်း....ဂူရှီဆီကို သွားပြီး ရမယ်ရှာတာလေ။ ပြီးတော့ မျက်နှာဖြတ်ရိုက်ခံရတာနဲ့ အဆုံးသတ်သွားတယ်။ နောက်ထပ် မျက်နှာဖြတ်ရိုက်ခံရဖို့ အခုဒီနားလေးမှာ ထိုင်စောင့်နေရဦးမှာလား"

"လင်းအန်ရှင်းက ဂူရှီကို တမင်တကာtargetထားနေတယ်လို့ ဘာလိုငါခံစားမိနေတာလဲ"
ကောင်မလေးတွေထဲက တစ်ယောက်က အသံနက်နက်နှင့်ပြောလာလေသည်။

"အခု နင်ပြောသလိုပေါ့။ အရင်ကကိစ္စကလည်း သံသယဖြစ်စရာကောင်းတယ်"
သူမဘေးက ကောင်မလေးကလည်း ခေါင်းညိမ့်သဘောတူလေသည်။

ကျောင်းသည် ဆွေးနွေးဖော်ရမ်ကို ပိတ်မပစ်ခင် ကောလာဟလတွေကို ဖြန့်တဲ့သူက လင်းအန်ရှန်းဟု ကြေညာသွားခဲ့သည်။

နောက်တစ်နေ့တွင် လင်းအန်ရှင်းသည် သနားစဖွယ်ကောင်းစွာ ထွက်လာပြီး တောင်းပန်ကာ ဂူရှီက ခိုးချခဲ့တာကို သူမ မပြောခဲ့ကြောင်း လူတိုင်းကို ငိုယိုရှင်းပြခဲ့သည်။ သူမက ဂူရှီ printing roomထဲမှ စာရွက်အထပ်လိုက်နှင့် ထွက်လာတာကို မြင်ခဲ့ရုံသာဖြစ်သည်။ အမှန်က ဂူရှီသည် ဆရာမကို homework assignment copyတွေကို စစ်ပေးရာ၌ ကူညီပေးနေတာဖြစ်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now