Chapter-134 Her "Big Brother" drew tow jealous look. (3)

5.3K 659 12
                                    

Unicode

ခန့်ခွဲအုပ်ချုပ်ရေးပိုင်းကို ပြောင်းလာပြီးနောက်မှ သူမ၏ပထမအန်တီလေးနှင့် တွေ့ဆုံခဲ့သည်။ သူမကလည်း သူနှင့်ဌာနအတူတူမှာ အလုပ်လုပ်သည်။

ဂူရှီသည် သူတို့ကိုလည်း ကျိုးနွံစွာ နှုတ်ဆက်လိုက်သည်။

...........
ဂူယန်လင်းနှင့် ဂူယန်ရှောင်သည် စိတလှုပ်တရှား စောင့်ဆိုင်းနေကြ၏။

"ဒီနှစ်ယောက်က မြေးလေးအန်ကယ်ကြီးရဲ့မိသားစုက"
သခင်ကြီးဂူသည် ဂူယန်လင်းနှင့် ဂူယန်ရှောင်ကို ဂူရှီအား မိတ်ဆက်ပေးသည်။

ဂူရှီသည် ဂူယန်လင်းကို ကြည့်လိုက်သည်။ သူက အခု 17နှစ်ရှိပြီး လုံးလုံးလျားလျားကို အေးစက်ချောမောသော ကောင်လေးတစ်ယောက်ဖြစ်သည်။ သူက တောက်တောက်ပပကြီး ပြုံးမနေဘဲ လက်ထဲတွင် ပန်းရောင်ဘူးကို မကိုင်ထားဘူးဆိုလျှင် ပိုချောလိမ့်မည်။

ဂူယန်လင်းသည် နောက်စက္ကန့်တွင် ပန်းရောင်ဘူးကို ဂူရှီဆီသို့ ပေးလိုက်သည်။
"ဒီမှာ မင်းအတွက် လက်ဆောင်။ ကြိုက်လားဆိုတာ ကြည့်ကြည့်"

သူမ မကြိုက်လည်း ပြဿနာမရှိပေ။ စတိုခန်းထဲတွင် သူ့မှာ suitcaseကြီးနှစ်ခု ရှိသေးသည်။ အကုန်လုံးက ရှီရှီအတွက် လက်ဆောင်တွေဖြစ်သည်။

ဂူရှီသည် ဂူယန်လင်းဆီမှ ဘူးကို ယူလိုက်သည်။ အလွန်နူးညံ့သော ဘူးလေးဖြစ်ပြီး သူမဖွင့်ကြည့်လိုက်တော့ ပန်းရောင်crystalလက်ကောက်လေးကို မြင်လိုက်ရသည်။

ဂူရှီ နောက်ထပ် အနီးကပ် ကြည့်လိုက်၏။ crystalဆိုတာထက် စိန်တွေဖြစ်ပုံရသည်။

ဂူယန်လင်း,"ဘယ်လိုထင်လဲ"
ဒါက မိန်းကလေးတစ်ယောက်အတွက် လက်ဆောင်ဝယ်ပေးဖူးသော သူ၏ပထမဆုံးအကြိမ်ဖြစ်သည်။

"အရမ်းလှတယ်"
ဂူရှီသည် ပြုံးလိုက်ပြီး ရိုးသားစွာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကိုကိုကြီး"

သူမ၏ ကိုကိုကြီးသည် မနာလိုသော အကြည့်နှစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ တစ်ခုက ဂူယန်ရှောင်ဆီမှဖြစ်ပြီး နောက်တစ်ခုက ဝမ်းနည်းရိပ်ပါနေသော ဂူချန်းရီဆီမှဖြစ်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now