Chapter 166 "What is that and why are there so many people over there?"

4.1K 565 28
                                    

Unicode

ဂူရှီ,"နင်ရော တစ်အုပ်မှ မရဘူးလား"

ရှန်းရှို့ယန်၏စရိုက်အရဆို 'ဒီလို ခပ်တုံးတုံးလောင်းကစားပွဲကို ငါဘာလို့လုပ်ရမှာလဲ'ဟု သူပြောလာလိမ့်မည်ဟူ၍ ဂူရှီ မျှော်လင့်ထားသည်။ သို့သော် ရှန်းရှို့ယန်၏နှုတ်ခမ်းသည် နတ်ဆိုးပုံစံလိုမျိုး ကွေးတက်သွားသည်ကို သူမ မြင်လိုက်ရသည်။

ရှန်းရှို့ယန်,"ငါ မင်းဘက်ကနေ လောင်းခဲ့တာ"

.............
အတန်းနားချိန်များတွင် အတန်းထဲက လူတိုင်းနီးပါးသည် ဂူရှီအား သနားကြည့်ကြည့်ကြသည်။ သို့သော်အမှန်မှာ ဂူရှီသည် လေ့ကျင့်ခန်းစာအုပ်များကို ရခဲ့သည့်အတွက် အတော်ပင်ပျော်ရွှင်နေခြင်းဖြစ်သည်။ သူမသာ နောက်ထပ်Top Examplesစာအုပ် များရခဲ့လျှင် ပိုပြည့်စုံသွားလိမ့်မည်။

သူမသည် လေ့ကျင့်ခန်းစာအုပ်များကို အမျိုးစားခွဲလိုက်ပြီး အံဆွဲထဲနှင့် အတန်းနောက်က ဗီဒိုထဲသို့ ပျော်ပျော်ရွှင်ရွှင် ထည့်ထားလိုက်သည်။

ထို့နောက် ခဏတာစဉ်းစားပြီးနောက် groupထဲက ရလာသော သူမ၏အဆင့်တစ်ဆိုသောပုံကို ဂူရှောင်းဆီသို့ ပြန်၍forwardလုပ်ကာ ပို့လိုက်သည်။

***
ဂူရှောင်းသည် NTNက meetingတစ်ခုတွင် ရောက်နေခြင်းဖြစ်၏။

ဖုန်းဆီမှ တုန်ခါမှုကို ခံစားမိ၍ ဂူရှောင်း ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်သည်။ စာစောင်က သမီးဖြစ်သူဆီမှဆိုတာကို မြင်ပြီးမှ သူသည် ဖုန်းကို ကောက်ကိုင်ကာ ဂူရှီ၏စာကိုဖွင့်ကြည့်လေသည်။

ထိုအချိန်တွင် ARC chip၏ R&D departmentမှ ပုဂ္ဂိုလ်သည် တစ်ချို့သော နည်းပညာအခက်အခဲလေးတွေကြောင့် သူတို့၏လုပ်ငန်းစဉ်ကို reportingလုပ်နေခြင်းဖြစ်၏။ သူတို့၏ ထုက်ကုန် developmentမှာ သက်မှတ်ထားသော အချိန်ဇယားထက် တစ်လပင်နောက်ကျနေပြီဖြစ်သည်။

ဘော့စ်ဖြစ်သူက သူတို့ကို တစ်စစီအမဲဖျက်တော့မည်ဆိုသည်အား စိတ်ထဲတွင် ကြိုတင်ပြီးထားပြီးသားဖြစ်သည်။ သို့သော် သူတို့၏အသင်းခေါင်းဆောင်၏ reportနှင့် နည်းပညာစိစစ်ချက် အဆုံးသတ်အပြီးတွင် သူတို့၏ဘော့စ်သည် လူတွေအား အမဲဖျက်မုဒ်ကို အသက်မသွင်းသေးကြောင်း သတိပြုမိလာသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီOnde histórias criam vida. Descubra agora