Chapter-84 He was just about to ask Gu Chenyi who this Gu Xi was. (2)

5.2K 577 9
                                    

Unicode

သူကမှ သူမကြောင့်သာ အားစိုက်စရာမလိုပဲ နိုင်မယ့်လူပါလို့ တုန်မင်မင်ဘာလို့ မပြောရတာလဲ။

ဂူရှီတစ်ကိုယ်တည်း တွေးနေလိုက်သည်။

ပြီးခဲ့တဲ့နှစ်တွင် HSAUက ပထမဆုရခဲ့တဲ့ကျောင်းဆိုပေမယ့် အနည်းဆုံးတော့ သူမကမှ သုံးရက်မြောက်နေ့က အချိန်ကန့်သတ်ပြိုင်ပွဲ၏ အမြင့်ဆုံးရမှတ်ရတဲ့သူပါနော်။ ဟုတ်ပြီလား။
............
celebrity effectကြောင့် ရှန်းရှို့ယန် ပူးတွဲသိပ္ပံပြိုင်ပွဲဝင်ပြိုင်မယ်ဆိုသောသတင်းက အတန်းတိုင်းကို တောမီးပမာ ပြန့်သွားလေသည်။

ဂူရှီကတော့ နောက်တွဲလေးအဖြစ် ဖော်ပြခြင်းခံရလေသည်။

"ဂူရှီ? ဘယ်ဂူရှီလဲ"

"ဒုတိယနှစ်လား။ မဟုတ်သေးပါဘူး။ ငါ သူမအကြောင်း အရင်က တစ်ခါမှ မကြားဖူးဘူး။ ဘာလို့ သူတို့အတန်းက ယန်ရွှီနဲ့ class#8က ကျိုးလီ မဟုတ်ရတာလဲ"
ကျောင်းဖော်ရမ်က နောက်ဆုံးထွက်သတင်းကို ဖတ်ပြီးနောက် တခြားအတန်းက တစ်ယောက်က ပြောလာလေသည်။

ဖုန်းနှင့် ဇိမ်ပြေနပြေကစားနေသော ဂူချန်းရီသည် ရုတ်တရက် ထခုန်လိုက်သည်။
ဂူချန်းရီ,"မင်း ဘယ်သူဝင်ပြိုင်မယ်လို့ ပြောလိုက်တာလဲ"

"ရှန်းရှို့ယန်ပေါ့။ ဘယ်သူရှိရမှာလဲ"

"မဟုတ်ဘူး နောက်တစ်ယောက်ကို ပြောတာ။ မင်း ဂူရှီလို့ ပြောလိုက်တာလား"

"အင်း"
ထိုလူက ခေါင်းညိမ့်ပြသည်။ ဂူချန်းရီက သူ့ဆီကို လက်ဖြန့်လာသည်အား မြင်ချိန်တွင် သူက ဂူချန်းရီ ဂူရှီကို သိလား၊ဂူရှီက ဘယ်သူလဲဟု မေးမလို့ပြင်နေတုန်းပင် ရှိသေးသည်။

"ဘာလဲ?"

ဂူချန်းရီ,"စာရင်းသွင်းform"

ဂူရှီသည် နေ့လည်နားချိန်တွင် စာကြည့်တိုက်ကို သွားလေ၏။

"ဂူရှောင်ရှီ နင်ကိုးကားစာအုပ်တွေ ရှာမလို့လား။ နင်ဘာကိုရှာနေတာလဲ။ ငါ့စာအုပ်တွေကို ငှားပေးလို့ရတယ်နော်"
ဂူရှီနောက်ကို လိုက်လာသော တုန်မင်မင်က ပြောလေသည်။

သူမက ခဏလောက်ရပ်ကာ ဆက်ပြောသည်။
"ငါပြောပြမယ်။ ငါတို့စာကြည့်တိုက်က အရမ်းကြီးအထင်ကြီးစရာ မကောင်းဘူး။ selectionတွေကလည်း မကောင်းဘူး။ သူတို့က စာအုပ်သစ်တွေကို မကြာမကြာထားပေးတာလည်း မရှိဘူး။ နင်နောက်ဆုံးပေါ် ကိုးကားစာအုပ်တွေကို ဒီမှာရှာလို့တွေ့မှာမဟုတ်ဘူး"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now