Chapter-13 She was thinking about how to tell him that he had a daughter her age

4.9K 627 4
                                    

Unicode

လင်းရှီ ကျောင်ချန်းကို လျစ်လျူရှုလိုက်ပြီး ခြံဝင်းထဲကို ပြန်ဝင်သွားသည်။ သူမကျောပိုးအိတ်ထဲက မုန့်နည်းနည်းထုတ်ပြီး စားလိုက်တယ်။ recordကို ခဏလောက်ကြည့်လိုက်ပြီး နည်းနည်းလောက် တွေးတောကာ  'သက်သေခံ' ဆိုပြီး နာမည်ပေးလိုက်သည်။

ဒီသက်သေက ကျောင်ချန်းအတွက်တင် မဟုတ်ဘူး။ ကျောင်စီနဲ့ တခြားသူတွေအတွက်ပါ ပါတယ်။ အနာဂတ်မှာ သူမအဲ့ဒီမိသားစုကနေ ထွက်သွားတာကို သူတို့ခွင့်မပြုဘူးဆိုရင် ဒါကအကောင်းဆုံး သက်သေဖြစ်လာလိမ့်မည်။

..........
ကျောင်ချန်းရဲ့အိမ်က အနံ့ပြင်းလွန်းတယ်။ သူမအထဲကို ပြန်မဝင်ချင်ဘူး။ အပြင်မှာကလည်း မှောင်နေပြီ။ ဘယ်မှလည်းသွားစရာ မရှိဘူး။ သူမ ကျောင်ချန်းရဲ့ခြံဝင်းထဲ မနက်သုံးနာရီ ဒါမှမဟုတ် မနက်လေးနာရီအထိ နေခဲ့သည်။ မိုးသောက်ချိန်ရောက်တဲ့အခါမှာ သူမကျောပိုးအိတ်ကို ယူပြီးထွက်လာခဲ့လိုက်သည်။

ဒီလို အလွန်စိတ်ပျက်စရာကောင်းတဲ့ နေရာမှာ ကြာကြာနေဖို့ သူမမှာအစီစဥ် မရှိဘူး။ သူမ ကားကို အချိန်စောစော ကြိုတင်မှာခဲ့ပေမယ့် ဒီနေရာက ဘယ်သူမှမလာတဲ့ ဝေးလံခေါင်ပါးတဲ့ဒေသ ဖြစ်နေတယ်။ ဒါကြောင့် မနက်ခင်းစောစောက သူမလက်မှတ်ဖြတ်လို့ရတဲ့ အစောဆုံးအချိန်ပဲ။

ကျောင်ချန်းကတော့ တံခါးဖရိန်မှာ တွဲလောင်းကြီးဖြစ်နေတုန်းပဲ။ သူအိပ်ပျော်နေတာလား မေ့သွားတာလားတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် သူကလင်းရှီ ထွက်သွားတာကို မသိလိုက်ဘူး။

လင်းရှီထွက်သွားပြီး အပြင်မှာလင်းလာပြီးမှ ရွာသားတွေက ကျောင်ချန်းရဲ့ ခြံဝင်းတံခါးကြီးက ပွင့်နေပြီး ကျောင်ချန်းက တံခါးဖရိန်မှာ တွဲလောင်းကြီးဖြစ်နေတာကို မြင်တွေ့ခဲ့တယ်။

လူတွေအများကြီး ခဏလေးနဲ့ရောက်လာပြီး ကျောင်ချန်းကို အပေါ်အောက် သံသယဖြစ်စွာကြည့်လိုက်တယ်။

"ကျောင်ချန်း မင်းဒီလိုမျိုး ဘယ်လိုများလုပ်လိုက်တာလဲ။ ခုံတွေကိုအပြင်ရွှေ့ရင်း မင်းကိုယ့်ကိုကို ဒီလိုမျိုး ညှပ်သွားအောင် ဘယ်လိုများလုပ်လိုက်တာလဲ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now