Chapter-5 being sent away (2)

5.2K 667 9
                                    

Unicode

"ဘာအဆင်မပြေစရာရှိလို့လဲ။ အဲ့ကောင်မလေးကိုပို့လိုက်ရင် ကလေးနှစ်ယောက်ကို ခွဲထားနိုင်မယ်။ ရှင်းရှင်းကိုလည်း ကာကွယ်ပြီးသားဖြစ်သွားမယ်။ ဒါ့အပြင် ရွာသားတွေက ရိုးသားဖြောင့်မတ်ကြတယ်။ အဲ့မှာနေခိုင်းတာက အဲ့ကလေးကို ပိုပိုဆိုးတာတွေ မကောင်းတဲအကြံဥာဏ်တွေ တွေးတတ်လာတာတွေကို ရပ်တန့်နိုင်လိမ့်မယ်"

ကျောင်စီသူမပြောတာကို စုန်ခယ်ရှင်းနားယောင်လာတာကိုမြင်တော့ ဆက်ပြောလာသည်။
" အဲ့ကောင်မလေးကို ဒီမှာဆက်ထားရင် သမီးကိုယ်တိုင်ပဲ စိတ်ဒုက္ခရောက်လိမ့်မယ်။ ပြီးတော့ဒီပတ်ဝန်းကျင်က အဲ့ကလေးမအတွက်အတွက် မသင့်တော်ဘူး။ သူ့ကိုရွာကိုပို့လိုက်တာက သမီးအတွက်ရော ရိဇယ်အတွက်ရော ရှင်းရှင်းနဲ့ ဒီမိသားစုအတွက်ရော ပိုကောင်းလိမ့်မယ်"

"သူမကိုယ်တိုင်အတွက်လည်း ကောင်းတာဘဲ။ အဲ့တာဆို သူလည်းရှင်းရှင်းကို လိုက်ပြီးမနာလိုဖြစ်စရာ မလိုတော့ဘူ"

"ဒီကကိစ္စတွေအတွက်ကတော့ သမီးကနည်းနည်းပါးစီမံလိုက်ရုံပဲ။ တခြားသူတွေမေးရင် သမီးက လင်းရှီကနိုင်ငံခြား ဒါမှမဟုတ် မြို့ကနေထွက်သွားတယ်လို့ ပြောလိုက်ရုံပဲ။ ဒါမှမဟုတ် ကျန်းမာရေးမကောင်းလို့ ခဏလောက်နယ်ဘယ်သွားနေတယ်လို့ ပြောလိုက်ရုံပဲ။ အဲ့တာဆို ကောလဟာလတွေလည်း မထွက်တော့ဘူ"

------အဲ့တာက အဓိပ္ပါယ်ရှိတာပဲ။

စုန်ခယ်ရှင်း ခေါင်းညိမ့်လိုက်ပြီး
"ကျောင်ချန်ကို ဆက်သွယ်ပြီးပြီလား။ သူကအဆင်ပြေတယ်တဲ့လား"

ကျောင်စီက စုန်ခယ်ရှင်းရဲ့ လက်ကိုပုတ်လိုက်ကာ
"စိတ်မပူပါနဲ့ အမေအခြားတစ်ယောက်ကို မေးဖို့ခိုင်းထားတယ်။ ကျောင်ချန်းကလည်း မလုပ်ချင်ဘူးလို့ မပြောဘူးတဲ့။ အမေတို့လုပ်ရမှာက သူ့ကို လစဥ်စရိတ်ပေးဖို့ပဲ"

စုန်ခယ်ရှင်းက ခေါင်းတညိမ့်ညိမ့်နဲ့ပင် နယ်ဘက်တွေမှာ နေထိုင်စရိတ်က စျေးမကြီးပေ။ လစဥ်ကြေးပေးဖို့ဆိုတာ ပြဿနာမရှိချေ။

"ကောင်းပြီလေ ဒါဆိုအဲ့လိုလုပ်ကြတာပေါ့"
စုန်ခယ်ရှင်း ခဏလောက်တွေးပြီး သဘောတူလိုက်တော့သည်။ လင်းရှီနှင့်နေခဲ့ရတဲ့နှစ်တွေက သူမရဲ့စိတ်ကိုလုံးပါးပါးစေခဲ့သည်။ အစကတော့ သတိမထားမိပေမယ့် ကြာလာတော့ သူမအရမ်းပင်ပန်းလာခဲ့တယ်။ သူမက သူမယောကျ်ားအပေါ် ဖောက်ပြန်မိခဲ့တယ်ဆိုပြီးတော့တောင် ခံစားနေရသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now