Chapter-51 Was that why she was fawning over him? (4)

5.4K 639 10
                                    

Unicode

[X]: စဥ်းစားကြည့်လိုက်ပါဦးမယ်။

သူမ တကယ်နေရာကို မယူဘဲ backup team memberအဖြစ် ဝင်ချင်ဝင်လို့ ရလောက်မှာ။

သူမက ယွမ်တစ်သန်းလုံးကိုလည်း မလိုအပ်ပေ။ ယွမ်တစ်သိန်းက တော်တော်လုံလောက်နေပါပြီ။

ချမ်းသာလာတယ်ဆိုသော အတွေးက လင်းရှီအား ဝမ်းသာပီတိဂွမ်းဆီထိ ဖြစ်စေလေ၏။

..........
ဂူရှောင်းကမူ ပျော်ရွှင်မှုဆိုတာ မရှိသလောက်ပုံစံနှင့် NTNနည်းပညာစင်တာသို့ ရောက်ရှိနေပြီ။

သူ NTNနည်းပညာစင်တာကို ရောက်ရောက်ချင်း သူ့ရုံးခန်းဆီ မသွားခဲ့ချေ။ ကျို့ဟွာ၏ရုံးခန်းသို့သာ ဦးတည်လိုက်၏။

"တစ်ခုခု ရခဲ့လား"
အထဲကို ဝင်ဝင်သွားချင်း ဂူရှောင်း မေးမြန်းလိုက်သည်။

"အင်း audioဖိုင်တစ်ခု ရှိတယ်။ ဒီမှာ"
ကျို့ဟွာ စကားပြောရင်း USBကို ဂူရှောင်းဆီကို ပေးလိုက်သည်။

သူ့၏ သူငယ်ချင်းကောင်းကြီးကို respectထားတဲ့အနေနှင့်ရော professionalကျသည့်အနေနှင့်ပါ audio fileကို သူ နားမထောင်ခဲ့ပေ။

သိချင်ပေမယ့်လည်း တခြားရည်ရွယ်ချက်ဖြင့်သာ contentကို scanဖတ်ခြင်းကိုသာ ပြုလုပ်ပေးခဲ့သည်။ documentထဲက virus scanဖတ်ပေးသလိုမျိုး။

ကျို့ဟွာ အရေထူတဲ့စကားတစ်ခွန်းမှ မကြားရလို့ အံသြသွားရသည်။

"ကျေးဇူးပဲ"
ဂူရှောင်းပြောပြီးသည်နှင့် USBနှင့် ထွက်ခွာသွားသည်။

ဂူရှောင်း၏ ကျောပြင်ကိုကြည့်ပြီး ကျို့ဟွာ တီးတိုးတီးတိုးသဖန်းပိုးလုပ်တော့သည်။
"ဘယ်လိုလုပ်ရမလဲ။ ငါခုဏကထက်တောင် ပိုသိချင်နေပြီ"
သူ့၏သူငယ်ချင်းကောင်း ဘော့စ်က ညလယ်လောက် သူ့ကို ဖြေရှင်းခိုင်းဖို့ ဖုန်းဆက်ရလောက်အောင် ဘာတွေများ အရေးကြီးနေလို့လဲ။

...........
ဂူရှောင်းကမူ ရုံးခန်းထဲကို ပြန်ရောက်သွားပြီဖြစ်သည်။

USBကို ထိုးလိုက်ပြီး တစ်ခုတည်းသော audio fileကို ဖွင့်လိုက်သည်။

ပထမဆုံးထွက်လာသော အသံက မြေပြင်ပေါ် တစ်စုံတစ်ရာ ပြုတ်ကျတဲ့ ဆူညံသံတွေပင်ဖြစ်၏။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now