Chapter-90 What happened? Why did Gu Shao sign up to the competition? (2)

4.9K 606 5
                                    

Unicode

"ငတုံး"
ရှန်းရှို့ယန်က လှောင်သရော်ပြောလေသည်။ ထို့နောက် ဂူချန်းရီထွက်သွားသော ဘက်ကို ကြည့်ရင်း ထူးဆန်းသောအကြည့်တစ်ခု သူ့တွင် ပေါ်ပေါက်လာလေသည်။

–အခု အဲ့ကောင် ဘာဖြစ်သွားတာလဲ?

.............
ဆင်ခြေအဖြစ် 'အတန်းဖော်တွေက တစ်ယောက်နှင့် တစ်ယောက် ကူညီသင့်တယ်'ဟု သုံးကာ ဂူရှီသည် အတန်းဖော်ဆွေကို ဖြေရှင်းပြီးသည့်နောက်တွင် သူမ၏deskmate တုန်မင်မင်သည် ခေါင်းထောင်ကာ အတင်းတုပ်ချင်နေသလိုမျိုး မေးလေသည်။
"ဂူရှောင်ရှီ အမှန်တိုင်းပြောစမ်းပါ။ နင်နဲ့ဂူချန်းရီရဲ့ relationshipက ဘာလဲ"

"ဘာrelationမှ မရှိဘူး"
သူ့ကို သူမ သိတောင်မသိဘူး။ ထိုသည်ကို ယုံလာအောင် ဘယ်လိုလုပ်ရမလဲကို ဂူရှီ မသိချေ။

"ငါ့အထင် သူက အရမ်းကိုဖော်ရွေတဲ့ လူတစ်ယောက်ပါ။ ငါတို့က ပြိုင်ပွဲအတူတူ ပြိုင်မှာမလို့၊ ပြီးတော့ ငါက မိန်းကလေးဖြစ်နေလို့ ငါ့ကို စာအုပ်တွေ ကူသယ်ပေးဖို့ ဆုံးဖြတ်လိုက်တာ ထင်တယ်"
ဒါက ဂူရှီတွေးနိုင်သော အကောင်းဆုံးအကြောင်းပြချက် ဖြစ်ပေသည်။

သို့ပေမယ့် သူမ ပြောပြီးပြီးချင်း တုန်မင်မင်ဆီမှ 'ဟုတ်ပါတယ်၊ မှန်ပါတယ်' ဆိုသော အကြည့်ကို ရလိုက်သည်။

"ငါ အဲ့တာကို တခြားသူဆိုရင် ယုံလောက်မယ်။ ဒါပေမယ့် ဂူချန်းရီဆိုရင်တော့ noပါ"
တုန်မင်မင် ရေရွတ်နေ၏။ ကျောင်းမှာ ဂူချန်းရီက ရှန်းရှို့ယန်နှင့် အတော်တူလေသည်။ သူက ရှန်းရှို့ယန်လောက် အေးစက်စက် ခပ်ချေချေပုံ မပေါက်ဘဲ ပိုဖော်ရွေပုံရပေမယ့် အတွင်းပိုင်းမှာတော့ သူတို့က အတူတူပင် ဖြစ်သည်။

ဂူချန်းရီက သူ့ရှေ့မှာ လဲကျနေသော ကောင်မလေးတစ်ယောက်ကို မမြင်ချင်ယောင်ဆောင်ပြီး လျှောက်သွားမယ့်ပုံစံမျိုးဖြစ်သည်။

ထိုကောင်မလေး၏အတန်းဖော်က ကောင်မလေးက ရည်ရွယ်ချက်ချက်ရှိရှိ လဲကျခဲ့သည်ဟု ထုတ်ပြောခဲ့တာ မှန်ပေမယ့်

ခြုံကြည့်လိုက်လျှင် ဂူချန်းရီသည် ကူညီကမ်းလက်ပေးဖို့ စိတ်ထက်သန်သောသူ မဟုတ်ပေ။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now