Chapter-28 The broke down looks on the two of them looked almost identical. (1)

5.5K 669 4
                                    

Unicode

လင်းရှီ, "ဒါသမီးရဲ့ နေထိုင်စရိတ်"

နေထိုင်စရိတ်??

ဂူရှောင်းရဲ့အကြည့်က ပိုက်ဆံအုပ်ဆီ တဝဲလည်နေ၏။

ဒီဖတ်မှာတော့ ဂူရှောင်း မျက်မှောင်ကြုံ့ထားပုံပေါ်တာကို လင်းရှီရိပ်မိတော့ မြန်မြန်လျှောက်သွားလိုက်ပြီး ပိုက်ဆံအုပ်ကို ဖြန့်ပြလိုက်သည်။

ဂူရှောင်းမလောက်ဖူးလို့ တွေးမိမှာဆိုးတဲ့ လင်းရှီက
"အခု သမီးမှာရှိတာ ဒါအကုန်ပဲ။ နောက်လကြ ပိုပြီးပေးပါမယ်"

.........
လင်းရှီ လင်းမိသားစုကနေ ထိုပိုက်ဆံတွေ ထုတ်ယူလာလို့ရအောင် အခက်ခဲကြီးကြီးတွေကို ဖြတ်ကျော်ခဲ့ရတယ်။ သူမနဲ့အတူ ပိုက်ဆံတွေယူနိုင်ဖို့ ကျောင်စီနဲ့တခြားသူတွေ အစစ်အဆေးတွေလုပ်တာကို ဖြတ်ကျော်လို့ရအောင် ပိုက်ဆံတွေကို luggage ရဲ့ဘေးအိတ်တွေကြားထဲမှာ ဖွတ်ထားခဲ့ရသည်။

သူမ luggageကို ပစ္စည်းပြန်စီတော့ ပိုက်ဆံတွေကို ပြန်ထုတ်လာခဲ့တာ။

သူလက်မခံမှာကို စိုးရိမ်နေသလိုမျိုးလေး လင်းရှီကြောက်လန့်နေတာလေးကို တွေ့တော့ ဂူရှောင်း မျက်မှောင်ကိုကြုံ့လိုက်မိသည်။

"ငါမင်းကို အသက်မပြည့်ခင်အထိ ထောက်ပံ့ပေးမယ်လို့ ပြောပြီးသားပဲ။ ငါ့စကားငါတည်ပါတယ်။ အသက်မပြည့်သေးသူတစ်ယောက်အနေနဲ့ ဒီကာလအတွင်းမှာ နေထိုင်စရိတ်အတွက် စိတ်ပူဖို့မလိုဘူး"
ဂူရှောင်းရဲ့ အသံအနေအထားက ညှိနှိုင်းလို့မရမယ့် ပုံစံမျိုး။

လင်းရှီ နည်းနည်းတွန့်ဆုတ်မိသွားသည်။ သူပြောတာလည်း အခြေမြစ်ရှိတာပဲ။

သူမကို ထောက်ပံ့ပေးဖို့ ဂူရှောင်းပိုက်ဆံမလိုဘူးဆိုတာ သူမသိပါတယ်။ ဒါပေမယ့် သူလက်ခံပေးဖို့ ငြင်းနေသရွေ့ သူမ သက်သောင့်သက်သာဖြစ်မှာ မဟုတ်ဘူး။

ဂူရှောင်း,"မင်းပိုက်ဆံ ပြန်ယူထားလိုက်"

လင်းရှီသူမရပ်နေတဲ့နေရာမှာပဲ ဆက်ရပ်နေပြီး လက်ချောင်းတွေကို ယှက်ကာ လှုပ်တောင်မလှုပ်ခဲ့ဘူး။

သူထိုအရာကို မြင်တော့ မျက်မှောင်ကို ပိုနက်နက်ကြုံ့မိလိုက်ကာ
"ငါပြန်ပြောဖို့ လိုသေးလား?"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now