Chapter-11 striking back (2)

4.7K 610 21
                                    

Unicode

ကျောင်စီ: " ဒီအခန်းကတော်တော်လေးလင်းပါတယ်။ နည်းနည်းလောက်ရှင်းဖို့ပဲ လိုတာပါ"
သူမက ကျောင်ချန်းကိုပြောနေတာလား လင်းရှီကိုပြောနေတာလားဆိုတာ ဘယ်သူမှမသိဘူး။

လင်းရှီကတော့ ဘာမှမပြောခဲ့ပေ။

ကျောင်ချန်းက အရက်ပုလင်းနဲ့ထွက်သွားပြီး ကျောင်စီကတော့ စတင်ရှင်းလင်းလေတော့သည်။

.........
အချိန်အနည်းငယ်ကြာတော့ ကျောင်စီညစ်ပတ်မှုကို သည်းမခံနိုင်တော့ပေ။ လင်းရှီအပြင်ရောက်နေတာကို အခွင့်ကောင်းယူပြီး ကားဒရိုက်ဘာကို သေတ္တာထဲက စောင်တွေနှင့်အခင်းကို ယူခိုင်းကာ ကုတင်ပေါ်ထားခိုင်းလိုက်တော့သည်။

ဖုန်တွေက အခင်းတွေကိုဖြတ်ပြီး အနှောင့်ယှက်တော့ မပေးလောက်ဘူး ဆိုတဲ့သဘောမျိုးနှင်ဖြစ်သည်။

ကျောင်စီ ရှင်းလင်းတာပြီးသွားချင်း လင်းရှီကို အထဲဆွဲခေါ်လာပြီး
"နင်အခု အထုပ်ပိုးဖြေလို့ရပြီ။ ငါအမျိုးတွေကို သွားနှုတ်ဆက်လိုက်ဦးမယ်။ နင်ပင်ပန်းနေတာ ငါသိတယ်။ အဲ့တာကြောင့် ငါနဲ့လိုက်ခဲ့စရာ မလိုတော့ဘူး"

အမျိုးတွေဆီ သွားလည်တာဆိုတာက အလိမ်အညာတစ်ခုပဲ။ ဝတ္ထုအရဆိုရင် ကျောင်စီက ကျောင်ချန်းကိုရှာမတွေ့လို့ ယုံရတဲ့သူဆီမှာ ပိုက်ဆံပေးပြီး City Bကိုပြန်သွားခဲ့တာ။

ကျောင်စီ ဒီမှာနေသည်ဖြစ်စေ မနေသည်ဖြစ်စေ လင်းရှီကတော့ ကိစ္စမရှိပါ။

ကျောင်စီထွက်သွားပြီးနောက် လင်းရှီ ကုတင်ဆီလျှောက်လာခဲ့ပြီး ကျောပိုးအိတ်ကို ယူလိုက်သည်။

ကျောပိုးအိတ်က မထိမကိုင်ထားဘဲ အရင်ပုံစံအတိုင်းလို့ ထင်ရ၏။ သူမအိတ်အထဲကို ကြည့်လိုက်တဲ့အခါမှာ သူမဖုန်းကို ရှာမတွေ့တော့ဘူး။

ဖုန်းကိုကျောင်စီယူသွားပြီဆိုတာ တွေးကြည့်ဖို့မခက်ပါချေ။

ကံကောင်းချင်တော့ လင်းရှီက အဲ့လိုဖြစ်မယ်ဆိုတာ မျှောလင့်ပြီးသားပါ။ ပြီးတော့ သူမတို့မထွက်ခင် သူမရဲ့ဖုန်းအဟောင်းကို ယူလာခဲ့သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now