Chapter-176 "Are you a transmigrator?"

3.2K 472 14
                                    

Unicode

"ကျေးဇူး။ မလိုဘူး" ရှန်ရယ်ကို လာစေချင်ရင် သူစိတ်လွတ်သွားလို့ဖြစ်ရမယ်။

ရှန်းရှို့ယန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် ဆက်သွားပြီး ပြန်လှည့်လာသည်။ ရှန်ရယ်ကို အေးစက်စက်ကြည့်ပြီး ထပ်ပြောလိုက်သည်မှာ
"ကျေးဇူးပြုပြီး မလာခဲ့ပါနဲ့"

ရှန်းရှို့ယန်သတိပေးသွားသည့်ပုံစံက ရှန်ရယ်ကိုတောင် ကြောက်ရွံ့သွားစေသည်။ 

.........

သောကြာနေ့က လျှင်မြန်စွာ ရောက်ရှိလာခဲ့သည်။

နေ့လည်ခင်း ကျောင်းဆင်းပြီးနောက် ချီရန်းချန်းစင်တာသို့ ဂူရှီသွားလိုက်၏။

တခြားသောလူပေါင်းများစွာကလည်း ခန်းမနေရာကို လာစစ်ဆေးနေကြသည်။

ထိုလူအုပ်ကြားထဲမှာ အသက်ငယ်ရွယ်လှသော ဂူရှီမှာ ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် တကယ်ပင် ထင်ထင်သာသာရှိလှသည်။

ဂူရှီသည် သူမကိုယ်ကို ခန်းမနေရာ၌ ထင်းနေပြီဟု ထင်ထားသော်လည်း သူမထက်ပင် ပိုထင်သာနေသော လူတစ်ယောက်ရှိနေသည်။

ခန်းမ၏တစ်ဖက်တွင် အစိမ်းရောင်ငါးခေါင်းစွပ်ကို စွပ်ထားသော လူတစ်ယောက်သည် အမြန်ပင် အာရုံစိုက်ခံမှုအများအပြားကို ရရှိခဲ့သည်။ ခေါင်းစွပ်ကို ဟူဒီခေါင်းဆောင်းဖြင့် ဖုံးထားပြီး ခေါင်းကို ဖြစ်နိုင်သမျှနိမ့်ထားကာ သိပ်အာရုံမစိုက်ခံရစေရန် ကြိုးစားနေသော်လည်း အရာမထင်ပါ။

ခေါင်းစွပ်က လူတွေ သတိမထားပဲ မနေနိုင်လောက်အောင်ပင် ရုပ်ဆိုးလွန်းလှသည်။ အထူးသဖြင့် ဆက်ဆီကျကျ စူထွက်နေသာ အဝါရောင်ငါးနှုတ်ခမ်းပင်။

ဘေးနားဝန်းကျင်က လူတွေ တီတိုးပြောနေကြသည်ကို ဂူရှီ ကြားနေရသည်။

"အဲ့လူ ဘာဖြစ်နေတာလဲ"

"ဟောခန်းမကို လာစစ်ဆေးကြည့်ဖို့ ရောက်လာတာလား။ သူ့ကြည့်ရတာ လူရွှင်တော်လုပ်ဖို့ ဒီကိုရောက်လာတာနဲ့ တူတယ်"

"အတန်းရှင်းရချင်လို့နေမှာပေါ့"

"talent showလည်း မဟုတ်ဘဲနဲ့။ အဲ့လောက်လိုလို့လား"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now