Chapter-80 "Who's Gu Xi's love bento from?" (1)

5.3K 594 4
                                    

Unicode

သူမဘာလို့ဒီလိုမျိုး ခံစားနေရတာလဲဆိုတာကို ဂူရှီကောင်းကောင်း ပြောမပြတတ်ပေ။ ဒီခံစားချက်က ရှာမတွေ့လောက်ဘူးအထင်နှင့် ကလေးတစ်ယောက်က "ဖေဖေနဲ့မေမေကို ချစ်တယ်" "ဖေဖေက အရမ်းမိုက်တယ်" "မေမေက အရမ်းလှတယ်" စသည်ဖြင့် ရေးနေကာ နောက်တော့ သူ့မိဘတွေက သူ့၏ဒိုင်ယာရီတွေကို နေ့တိုင်းစစ်ဆေးနေတတ်တာအား သိသွားသလိုမျိုးဖြစ်သည်။

ဒါမှမဟုတ် သူတို့ပို့လိုက်တဲ့စာကို idolကမဖတ်လောက်ပါဘူးဆိုပြီး ဒီအတိုင်း သူတို့ကိုယ်သူတို့ ပိုခံစားချက်ကောင်းသွားစေဖို့အတွက်ကြောင့်သာ နေ့တိုင်း idolဆီကို စာသွားပို့သလိုမျိုး။ ဒါပေမယ့် တစ်နေ့တော့ idolက သူတို့ဆီကို စာပြန်ခဲ့သည်တဲ့လေ.......

..........
"ဟုတ်တယ်လို့ ထင်တာပဲ"
ဂူရှီက နူးညံ့စွာ ပြန်ဖြေလာသည်။

သူမက တည်ငြိမ်သလို ဟန်ဆောင်ကာ ပြန်မပြောခင် သူမ၏နီရဲလောင်ကျွမ်းနေသော နားကို သတိလက်လွတ် ကိုင်လိုက်သည်။
"အရင်တုန်းက သမီးNTNနည်းပညာစင်တာအကြောင်း ဆောင်းပါးတွေ ဖတ်ဖူးတယ်။ အဲ့နေရာက တော်တော်မိုက်တာပဲလို့ ခံစားမိပြီး တစ်နေ့ကြ သမီးလည်း အင်အားကြီးတဲ့လူဖြစ်လာပြီး NTNနည်းပညာစင်တာမှာ ဝင်နိုင်ဖို့ မျှော်လင့်ထားတာ"

ပြောပြီးနောက် သူမက သူမ၏တကယ့်ခံစားချက်တွေကို ပိုပေါ်သွားစေသော တည်တည်ငြိမ်ငြိမ်အပြုံးကို ဂူရှောင်းအား ပြုံးပြလိုက်သည်။

ဂူရှီပြောတာတွေကို ဂူရှောင်းက မဝေဖန်ခဲ့ပေ။

ထိုအစား ဂူရှီမမြင်နိုင်သော ထောင့်တစ်နေရာတွင် ဂူရှောင်း၏နှုတ်ခမ်းထောင့်သည် အပေါ်ဘက်ကို နည်းဆိုနည်းနည်းလေးလောက် ကွေးတက်သွားသည်။

သူ၏တည်ကြည်တဲ့ပုံစံကို အမြန်ပြန်ပြောင်းပြီး ဂူရှောင်းက ဂူရှီကို အလေးနက်ထားကာ ပြောလေသည်။
"NTNနည်းပညာစင်တာကို ဝင်ဖို့ကမလွယ်ဘူး"

ဒါက အမှန်ပင်ဖြစ်သည်။ ––ကောလိပ်နှင့် တက္ကသိုလ်တွေက talent trainingတွေ၊ သုတေသနလုပ်ထုံးလုပ်နည်းတွေနှင့် မတူတာက NTNနည်းပညာစင်တာက တရုတ်စျေးကွက်ထဲက တကယ့်ကိုနောက်ဆုံးပေါ် နည်းပညာတွေကို ကိုယ်စားပြုရတာဖြစ်သည်။ သူတို့တွေက အခြေခံအားဖြင့် နယ်ပယ်ထဲက လက်ရွေးစင်တွေကိုပဲ လက်ခံတာဖြစ်သည်။ အလုပ်သင်အဆင့်တောင်မှ အရေးပါသော အခြေခံလိုအပ်ချက်တွေကို ရှိထားရမှာဖြစ်သည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now