Chapter-33 She quickly sent over the pictures that she had taken. (1)

5.5K 623 4
                                    

Unicode

ကလေးတွေနဲ့ဆို အတွေ့အကြုံ zeroပဲရှိတဲ့ သူက ထိုကိစ္စကို လုံးဝမေ့သွားပုံရတယ်။ အဲ့တာက လင်းရှီက ကျောင်းတက်ဖို့လိုတဲ့ 14နှစ်အရွယ် ဂျူနီယာအထက်တန်းကျောင်းသူဆိုတာ။

သူ့မျက်လုံးထဲက အရှက်ရမှုနည်းနည်းကို ဖုံးကွယ်လိုက်ကာ ခံစားချက်ကင်းမဲ့လျက် ပြန်ဖြေလိုက်သည်။
"ရတာပေါ့"

ထိုစကားက လင်းရှီကို အရမ်းစိတ်လှုပ်ရှားစေခဲ့၏။

.........
ထိနေ့ နေ့လည်မှာ ဂူရှောင်းက ရှုဖေးကို NTNနည်းပညာစင်တာရဲ့ သူ့ရုံးခန်းကို လင်းရှီအား ခေါ်ခိုင်းလိုက်သည်။

လင်းရှီရောက်တော့ ဂူရှောင်းက ထုတ်ကုန်ဆွေးနွေးမှုကနေ ပြီးလို့ထွက်လာတုန်း ရှိသေး၏။

"သွားရအောင်"
ဂူရှောင်း လင်းရှီကိုမြင်တော့ အောက်ထပ်ကို ခေါ်သွားလိုက်၏။

သွားမယ်? ဘယ်ကိုသွားမှာလဲ?

လင်းရှီ ကြောင်တောင်တောင်ဖြစ်သွားကာ။

သို့ပေမယ့်လည်း သူမ ဂူရှောင်းနောက်ကနေ နီးနီးကပ်ကပ် ကားပါကင်အထိ လိုက်လာကာ ကားကို ဝင်လိုက်၏။

ဂူရှောင်း သူမကို ရောင်းစားဖို့လုပ်နေတာတော့ မဟုတ်ဖူးမလား?

..........
ကားက NTNနည်းပညာစင်တာကနေ တက္ကသိုလ်တစ်ခုရဲ့ အသင်းဝင် ဂျူနီယာအထက်တန်းကျောင်း (HSAU)ကို မောင်းလိုက်သည်။ လင်းရှီက နောက်ဆုံးတော့ သဘောပေါက်သွားခဲ့သည်။ ဂူရှောင်းက မနက် ကတိပေးထားတဲ့အတိုင်း သူမကိုကျောင်းကို ခေါ်သွားပေးနေတာပဲ။

"အခုကစပြီး သမီး ဒီကျောင်းမှာ တက်ရတော့မှာလား"
လင်းရှီ ကားပြတင်းပေါက်ကနေ အပြင်ကိုကြည့်ပြီး ဂူရှောင်းကိုမေးလိုက်သည်။

"ချက်ချင်းကြီးတော့ မဟုတ်ဘူး"
သူမကျောင်းဝင်ခွင့်ရဖို့ testဖြေဖို့ လိုသေးတယ်။

........
သူတို့နှစ်ယောက်စလုံး ရုံးအဆောက်အဦးကို သွားလိုက်ကြ၏။

သူတို့ မျိုးရိုးနာမည်ချန်နဲ့ အသက်ဆုံးဆယ်ဝန်းကျင်ရှိတဲ့ ဆရာမတစ်ယောက်ကို တွေ့တယ်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now