Chapter-174 He hoped that Meng Zixin would come and work for him.

2.9K 458 3
                                    

Unicode

အိပ်မက်ထဲမှာ နာကျင်မှုကို ဂူရှီ မခံစားရပေမယ့် အဆုံးမဲ့သော ကြောက်ရွံ့မှုနှင့် ခိုကိုးရာမဲ့မှုကို သူမ ခံစားမိတယ်။ သူမ၏ခန္ဓာကိုယ်ကလည်း အပိုင်းပိုင်း ဆွဲဆုတ်ထားသကဲ့သို့ အများကြီး ထိခိုက်မိထားသည်။

ဂူရှီ ဘေးဘီဝန်းကျင်ကို ခက်ခက်ခဲခဲ ကြည့်မိလိုက်တော့ ထိုမကောင်းဆိုးရွားများနှင့်တူသော လူများ၏နောက်တွင် လင်းရိဇယ်၏မျက်နှာပုံရိပ်က ပိုထင်ရှားသည်ထက် ထင်ရှားလာသည်။

သူက သူမကို ရင်းနှီးလှတဲ့အကြည့်တစ်ခုဖြင့် ကြည့်နေတယ်။ ကျောရိုးထဲထိ အေးစိမ့်သွားစေတဲ့ ထိုအကြည့်.....

..........

အကြောက်တရား၏စိုးမိုးမှုအောက်မှာ ဂူရှီ၏အသိစိတ်များသည် တစ်ဖန်အမှောင်ကျသွားသည်။ အိပ်မက်ထဲမှာပဲ အသိစိတ်လွတ်သွားခဲ့တာလား၊ အိပ်မက်က လွန်စွာကြောက်စရာကောင်းနေ၍ သူမခန္ဓာကိုယ်က တကယ့်အပြင်မှာ အသိစိတ်ကို အကာကွယ်အဖြစ် အလိုအလျောက်ပိတ်ပေးလိုက်တာလားဆိုတာ သူမ မသိပေ။

အမှောင်ထဲမှာ တစ်ယောက်ယောက်က သူမဆီ လာနေတာကို ခံစားမိတယ်။

သူမပါးပြင်ကို ထိတွေ့နေတဲ့လက်တစ်ဖက်ကို ခံစားမိတယ်။ နွေးထွေးပြီးတော့......ရင်းနှီးနေတယ်။

ဒါပေမယ့် သူမ ဘာမှမမှတ်မိတော့ဘူး။

........

ဂူရှောင်းသည် အလုပ်ပြီးသွားလျှင် သူ့အခန်းသို့ ပြန်ရန် ပြင်လိုက်သည်။ သို့သော် ဖြတ်သွားရင်းဖြင့် ဂူရှီအခန်းမှလာသော ငိုသံကို သူကြားလိုက်၏။

အခန်းထဲကလာတဲ့ တရှုပ်ရှုပ်ငိုသံလေးက မကျယ်လှသော်လည်း ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတွေ ရောနေသောအသံလေးက လူတစ်ယောက်၏နှလုံးသားကို ဆွဲဆုတ်ပစ်နိုင်သည်။

ဂူရှောင်း ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုံ့လိုက်သည်။ ဂူရှီအခန်းဆီသို့ သူလျှောက်သွားလိုက်၏။

ကောင်မလေးငိုနေတာကို သူကြားနေရတုန်းပဲ။

"ဘာဖြစ်လို့လဲ ရှီရှီ"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now