Chapter-170 One was talking seriously and one was listening seriously.

3.3K 448 21
                                    

Unicode

"အဖေ အဲ့ဒီကို ရောက်နေမယ်"

ထိုနေ့တွင် သူ့မှာ တခြားအစီစဉ်ရှိရင်တောင်မှ ရောက်နေမယ်။
စိတ်ထဲတွင် ဂူရှောင်း ဖြည့်ပြောလိုက်သည်။

ဂူရှောင်း၏အဖြေနှင့်အတူ ဂူရှီမျက်နှာပေါ်က အပြုံးသည် တောက်ပလာသည်။ သူမက ဝမ်းသာပီတိဂွမ်းဆီထိနေသည်။

သူမသည် တစ်စုံတစ်ရာကို တွေးမိသွားသကဲ့သို့ ဂူရှောင်းကို မလုံမလဲဖြင့် ကြည့်လိုက်သည်။
"နောက်ထပ် ပြိုင်ပွဲတစ်ခု...ရှိသေးတယ်"

............

"ဘာပြိုင်ပွဲလဲ"

ဂူရှောင်း ခေါင်းကိုက်စွာ ဂူရှီအား ကြည့်လိုက်သည်။

ဘာကြောင့်များ ဒီကောင်မလေးက ပြိုင်ပွဲတွေကို အရမ်းကြိုက်နေရတာလဲ။

ဒီတစ်ခါရော ဘာပြိုင်ပွဲများဖြစ်မလဲ။

သူမအထက်က ထွက်ပေါ်လာသော ဂူရှောင်း၏အသံက နည်းနည်းတည်တည်ငြိမ်ငြိမ်ဖြစ်နေတော့ ဂူရှီ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ခေါင်းကို ငုံ့ထားလိုက်၏။

သူမလက်များကို လိမ်ယှက်နေကာ အချိန်တခဏလောက် စိတ်လှုပ်ရှားပြီးသွားတော့ နောက်ဆုံး ဂူရှီသည် အံကိုကြိတ်ကာ စကားပြောထွက်လာသည်။
"ထျန်းချူအန်းပြိုင်ပွဲ"

ခေါင်းငုံ့ထားသည့်အတွက် ဂူရှောင်း မျက်ခုံးပင့်လိုက်တာကို ဂူရှီ မမြင်လိုက်ပေ။ ရှုပ်ရှုပ်ရှက်ရှက်ပြိုင်ပွဲမျိုးဟု ဂူရှောင်းထင်သွားမည်စိုး၍ သူမ အလျှင်အမြန် ဖြည့်ပြောလိုက်သည်။
"အဲ့တာက သုတေသနပေါ်မှာကို အဓိကထားတဲ့ သမာရိုးကျပြိုင်ပွဲပါ။ အရမ်းကို ရိုးရှင်းပါတယ်"

ဂူရှောင်း,"အဖေသိတယ်"

ဂူရှီသည် ခေါင်းကို ချက်ချင်းမော့လိုက်သည်။ မျက်ရောင်တစ်လက်လက်ဖြင့် မေးလေ၏။
"အဖေက ဒီပြိုင်ပွဲအကြောင်းကို သိတယ်ပေါ့?"
ဂူရှီ အတော်အံ့ဩသွားသည်။

ထို့နောက် သူမသည် တစ်မီလီယမ်ယွမ်နှင့် ပြိုင်ပွဲက သုတေသနလုပ်ခြင်းအပေါ် အခြေခံထားတာကို ပြန်တွေးကြည့်မိသွားရာ။ ဟုတ်သားပဲ ဂူရှောင်းလို ဤနယ်ပယ်ထဲမှာ ကျင်လည်နေတဲ့ ကစားသမားကြီးတစ်ယောက်အနေနှင့် ဒီအကြောင်းကို ကြားမိမှာပဲလေ။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now