Chapter-7 preparing to be sent away (2)

4.9K 634 2
                                    

Unicode

တမြန်မနေ့ကဖြစ်ခဲ့တဲ့ကိစ္စကြောင့် လင်းအန်ရှင်းက ကျောင်းကိုဝင်လိုက်တာနဲ့ ဘော်ဒီဂတ်နှစ်ယောက်က သူမကိုစောင့်ကြပ်ပေးနေသည်။ လင်းအန်ရှင်းရဲ့ကျေးဇူးနဲ့ လင်းရှီနောက်ကိုလည်း ဘော်ဒီဂတ်တစ်ယောက် လိုက်လာ၏။

တကယ်တမ်း ထိုဘော်ဒီဂတ်ရဲ့အလုပ်က သူမကိုစောင့်ရှောက်ဖို့မဟုတ်ပေ။ သူမကိုစောင့်ကြည့်ရန်သာဖြစ်သည်။

...........
လင်းရှီအတန်းကိုရောက်တဲ့အခါ စပြီးသူမပစ္စည်းတွေကို ထုပ်ပိုးလိုက်တယ်။ သူမခုံထဲက စာမေးပွဲဖြေလွှာတွေနဲ့ အတန်းနောက်သိုလှောင်စင်က ဖတ်စာအုပ်တွေကို ထုပ်ပိုးလိုက်သည်။

"လင်းအန်ရှင်းနဲ့ ပတ်သတ်ပြီး ကြားပြီးပြီလား"

ရုတ်တရက် ရင်းနှီးနေတဲ့နာမည်ကို ကြားလိုက်ရတော့ လင်းရှီသူမလုပ်နေတာတွေ ခဏရပ်တန့်သွား၏။ ထောင့်မှာ မိန်းကလေးတွေက အရင်နေ့ကလင်းအန်ရှင်းမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြောနေပုံရသည်။

"လင်းအန်ရှင်းက ဘယ်သူလဲ။ ဒီနှစ်ရဲ့အတန်းသစ်က အလှပန်းလေးအသစ်လား"

"အင်း ဟုတ်တယ်"

"သူမကဘာဖြစ်လို့လဲ" အခြားကောင်မလေးက မရေမရာနဲ့မေးလာသည်။

"နင်အခုထိ မသိသေးဘူးလား။ အရင်နေ့က ရေကန်နားမှာ ယန်ရွှယ်ချီနဲ့ သူမနောက်လိုက်တွေက လင်းအန်ရှင်းကို ချောင်ပိတ်ခဲ့ကြတယ်တဲ့။ ရေကန်ထဲတောင်ပြုတ်ကျသွားသေးတယ်။ အဲ့မှာမြင်လိုက်တဲ့လူတွေတောင် အများကြီးရှိတယ်"

"ဒရမ်မာဆန်လိုက်တာ"
ခုဏကမရောမရာဖြစ်နေတဲ့ ကောင်မလေးက ဆက်မေးလာသည်။
" နောက်ေတာ့ရော ဘာဖြစ်သွားသေးလဲ။ သူမကဘယ်လိုဖြစ်လို့ ယန်ရွှယ်ချီနဲ့နောက်လိုက်တွေကို စိတ်အနှောင့်ယှက်သွားပေးတာလဲ"

"ဟုတ်တယ် ယန်ရွှယ်ချီကို အနှောင်ယှက်သွားပေးလောက်အောင် လင်းအန်ရှင်းက ဘာတွေများဖြစ်နေတာလဲ" အခြားကောင်မလေးပါ ထောက်ခံလာ၏။

ယန်ရွှယ်ချီနဲ့သူမနောက်လိုက်တွေက ကျောင်းမှာလူရမ်းကားတွေလေ။ ယန်ရွှယ်ချီမှာ တော်တော်ကောင်းတဲ့ မိသားစုနောက်ခံရှိတယ်။ လူအများစုက ပုံမှန်အခြေမှာတောင် သူတို့ရှေ့ကဖြတ်မလျှောက်ချင်ကြဘူး။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now