Chapter-100

5.1K 583 7
                                    

Lin Anxin wanted to expose Gu Xi's infamous past in front of her new schoolmates. (4)

.............
Unicode

"ငါ့မျိုးရိုးနာမည်က 'ဂူ'ဖြစ်နေတာ ငါ့အဖေမျိုးရိုးနာမည်မလို့လေ။ အရင်က ငါ့နာမည်က ဘာလို့'လင်း'ဖြစ်နေတာလဲ ဆိုတာကတော့ ပြောရရင် အရှည်ကြီးပဲ"
ဂူရှီက စကားဝိုင်း၏ဦးတည်ချက်ကို ပြောင်းပစ်လိုက်သည်။
"ဒါပေမယ့် ငါအကျဥ်းကျုံးပြောပြလို့ရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေလောက်က မဒမ်စုန်နှင့် မစ္စတာကြားထဲမှာ ပေါ်ပေါက်လာခဲ့တဲ့ ရိုးရိုးအီအီပုံပြင်လေးတွေနဲ့ ငါတို့စရလိမ့်မယ်"

............
ဂူရှီ၏စကားတွေက လင်းအန်ရှင်းကို တဖြည်းဖြည်း ဖြူဖျော့သွားစေသည်။ သူမပုံစံက မူလရန်လိုမှုကနေ ကြောက်ရွံ့မှုသို့ ပြောင်းလဲလာသည်။

ဂူရှီက သူမအမေနှင့် အဖေကြားထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ အတင့်ရဲလိုက်တာ။ ထိုအကြောင်းတွေကို သူမ ပြောပြရင် တခြားသူတွေက သူမကို အထင်သေးမှာကို မစိုးရိမ်ဘူးလား။

ဂူရှီ၏တည်ငြိမ်နေမှုကို ကြည့်ပြီး လင်းအန်ရှင်းသည် ကြောက်လန့်လာ၏။ ဂူရှီကို ထိုအကြောင်းရာတွေ ပြောပြခွင့် သူမ ပေးလိုက်လို့မရဘူး။ ဒါမှမဟုတ် သူမတို့ ဘယ်လိုအမျိုးတော်စပ်ကြောင်း ဆိုတာကိုပေါ့။ မဟုတ်ရင် ဒါက သူမကို ပြဿနာတွေ ဖြစ်စေလိမ့်မယ်။

ထောင့်တစ်နေရာဆီ ပြန်ဝင်သွားပြီး လင်းအန်ရှင်းသည် သူမရှေ့က ခွက်တစ်ခွက်ကို ယူကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ခွမ်း!

ကျယ်လောင်သော အသံက ထိုနေရာက လူတိုင်းကို လန့်သွားစေသည်။

လင်းအန်ရှင်းနောက်က ကောင်လေးတစ်ချို့သည် သူမဆီကို လျှောက်လာပြီး ဂရုတစိုက် မေးမြန်းလေသည်။
"ဘာဖြစ်တာလဲ"

"Oh ဘာမှမဟုတ်ပါဘူး။ ငါ မတော်တဆ သူတို့ခွက်ကို တိုက်ချမိသွားလို့"
ထို့နောက် လင်းအန်ရှင်းသည် ဂူရှီကို ကြည့်ကာ ပြောလေသည်။
"နင်နာမည်ပြောင်းလိုက်တာက နင်အရင်ကျောင်းမှာ ဖြစ်ပျက်ခဲ့တာတွေကြောင့်လို့ ငါထင်နေတာ။ personalကိစ္စဆိုရင်လည်း နင်ပြောပြဖို့မလိုပါဘူး"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now