အခန်း ၁၉၈။
နှိမ့်နှိမ့်ချချနေရန် သင်ခန်းစာပေးခြင်း
သူမသည် သင်္ချာစစ်ဆေးမှု တစ်ခုတည်းက ရှင်းဟယ်ကို စွန့်အသွားစေရန် လုံလောက်နေပြီဟု ယုံကြည်ချက် ရှိသည်။ ထို့ကြောင့် ကွန်ပျူတာ သိပ္ပံအတွက် စစ်ဆေးမှု ပြင်ဆင်ရန် အချိန်ဖြုန်းမနေတော့ပေ။ အမှန်တကယ်တွင် သူမသည် ပါမောက္ခတစ်ယောက်ကိုသာ ခေါ်လာရန် လိုအပ်၏။ အကြောင်းမှာ တစ်ယောက်က လုံလောက်တာထက် ပိုနေပြီး ဖြစ်သောကြောင့်ပင်။ ရှင်းဟယ်ကို အရှက်ခွဲချင်သောကြောင့် သုံးယောက်ခေါ်ခဲ့တာ ဖြစ်၏။
“စစ်ဆေးမှုက ဘယ်လိုလုပ်မှာလဲ”
ရှင်းဟယ်က ရုတ်တရက် မေး၏။
ရို့ပင်းက ပြုံးလိုက်၏။
“လွယ်ပါတယ်။ ပါမောက္ခတစ်ယောက်စီက နင့်ကို မေးခွန်း တစ်ခု မေးလိမ့်မယ်။ မေးခွန်းအားလုံး မှန်မှန်ကန်ကန် ဖြေနိုင်ရင် နင် အောင်ပြီ”
“ကောင်းပြီ စလိုက်ရအောင်”
ရှင်းဟယ်က ဘာကိုမျှ ဂရုမစိုက်ဘဲ ညှင်သာစွာ ပြောလိုက်၏။
“ရို့ပင်းက ရှင်းဟယ်၏ မောက်မာမှုကြောင့် သူမရင်ထဲတွင် ထပ်မံ လှောင်ပြောင်လိုက်သည်။ သူမက ပါမောက္ခသုံးဦးဖက် လှည့်ပြီးနောက် ပြောလိုက်၏။
“ပါမောက္ခတို့ မစ္စရှအတွက် ဘာကိုမှ ထိန်ချန်မထားပါနဲ့။ ပြောရရင် အကယ်ဒမီအက်စ်ရဲ့ သင်္ချာဌာနက ကျောင်းသားတစ်ယောက်ပဲလေ”
ယင်းက ပါမောက္ခသုံးဦးအတွက် အချက်အလက် တစ်ခု ဖြစ်သွားသည်။ ရှင်းဟယ်သည် ဂုဏ်သတင်းကျော်ကြားသည့် အကယ်ဒမီ အက်စ်၏ သင်္ချာဌာနမှ လာမည်ဟု သူတို့ မထင်ထားကြပေ။ ထို့ကြောင့် သင်္ချာနှင့်ပတ်သတ်ပြီး သူမ၏ ဗဟုသုတက အနည်းဆုံးတော့ အဆင့်တစ်ခု အထိရောက်နေမှာပဲ ဖြစ်သည်။
ပါမောက္ခသုံးဦးသည် အစက ထိုကဲ့သို့ မိန်းမပျိုလေးကို တင်းကျပ်ရန် စိတ်ထဲ မသက်မသာ ဖြစ်နေကြသည်။ သို့သော် ရို့ပင်း၏ မိတ်ဆက်မှုကို ကြားပြီးနောက် သူတို့က တွေဝေမှုကို ရပ်တန့်လိုက်ကြ၏။ ရို့ပင်းသည် ရှင်းဟယ် ဘွဲ့မရသေးသည့် အချက်တစ်ချက် တမင်တကာ ထိန်ချန်ထားခဲ့တာကို သူတို့သဘော မပေါက်ခဲ့မိပေ။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...