အခန်း ၃၀၁

745 48 1
                                    

အခန်း ၃၀၁။ အရှက်မရှိတဲ့ လူယုတ်မာ

သို့သော် ထိုသို့ တကယ်ဖြစ်လာပါက...အားလုံးဟာ ယဲ့ရှန်အတွက် အဆုံးသတ် သွားလိမ့်မည်/ အဘယ်ကြောင့်ဆိုသော် သူ ရှီးမုပိုင်လက်ထဲကနေ ထိုအရာကို ဘယ်တော့မှ ပြန်ရယူနိုင်တော့မည်မဟုတ်ပေ။

'ဒါပေမဲ့ ဘာလို့ ရှီးမုပိုင်က အဲဒါကို လိုချင်နေရတာလဲ။ သူ့အတွက်ဆို အဲဒါက လုံးဝအသုံးမဝင်တဲ့ဟာကို'

မည်သို့ပင်ဆိုစေကာမူ ယဲ့ရှန် သည်တိုင်းထိုင်မနေနိုင်တာကြောင့်သူ ရှမုန့်ကို အပြေးသွားရှာလေသည်။

...

သူ သိပ်မကြာခင် ရောက်လာတော့မည်ကို ရှင်းဟယ်သိထား၍ သူရောက်လာသည်ဟု အစောင့်က လာပြောသောအခါ သူမက ပေါ့ပေါ့ပါးပါးဖြင့် "ဝင်လာခိုင်းလိုက်"

"ဟုတ်ကဲ့"

ရှမုန့်က သူ့ကို မတွေ့လောက်ဘူးဟု ယဲ့ရှန်ထင်နေခဲ့၍ သူ့ကို အလွယ်တကူဝင်
ခိုင်းသောအခါ သူအံ့သြသွားသည်။

သူ ဧည့်ခန်းထဲသို့ ဝင်လိုက်သောအခါ တစ်ပတ်သာ ရှိသေးသော်လည်း ရှမုန့် ပြောင်းလဲသွားတာကြောင့် မအံ့သြဘဲမနေနိုင် ဖြစ်သွားသည်။

သူ့ရှေ့မှ ရှမုန့်က သူနှင့် နှစ်ပေါင်းများစွာ အတူနေခဲ့သည့် ရှမုန့်ထက် အများကြီး ပိုလှနေသလို ခံစားနေမိသည်။

သူမှတ်မိနေသော ယခင်ရှမုန့်ပုံစံတွင် မရှိခဲ့သည့် တည်ငြိမ်လှသော
အငွေ့အသက်များကို ရနေတော့သည်။

ယဲ့ရှန်က ဤပုံစံသစ်နှင့် ရှမုန့်ကို သဘောတွေ့နေတော့သည်။ နောက်ဆုံးတွင်
သူမယခုလို ပြောင်းလဲသွားသည်က သူ့ကြောင့်ပဲဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်း တိုးမြှင့်ခံရခြင်းက ပင်ကိုယ်စရိုက်ကိုလည်း ပြောင်းလဲစေနိုင်သောကြောင့်ဖြစ်ပေသည်။

"ရှမုန့် ငါမင်းကို မေးချင်တာရှိတယ်" ဟု ယဲ့ရှန်က တောင်းဆိုလာသည်။

"ဒီလူတွေကို အပြင်ကို ထွက်ခိုင်းလိုက်ပါ၊ ငါမင်းနဲ့ပဲ စကားပြောချင်လို့"

ရှင်းဟယ်က သူ့ကို ပြုံးပြကာ "ငါအဲလိုလုပ်ပေးလိမ့်မယ်လို့ ဘာလို့ထင်နေတာလဲ"

ဝေးလွင့်ပြီးသော အတိတ် (၂)Wo Geschichten leben. Entdecke jetzt