အခန်း ၂၈၅

849 63 1
                                    

အခန်း ၂၈၅

။ သုံးယောက်သား တွေ့ကြလေပြီ

လင်းလင်းမှာ မုပိုင်၏ခြိမ်းခြောက်စကားကြောင့်ငြိမ်ကျသွားသည်။

ကလေးလေးက နှုတ်ခမ်းလေးစူပြီး ညည်းညူလိုက်သည်။

“အဲဒါဆိုလည်း ရတယ်၊ အခု မားကို မနှောင့်ယှက်တော့ဘူး၊ ဒါပေမဲ့ မာမီ နေကောင်းလာတာနဲ့ သားလာတွေ့မယ်လို့ ပြောပေးဖို့မမေ့နဲ့နော်”

“ကတိပေးတယ်”

“ပြီးတော့ သူမကို ဒါလေးပေးပေး” လင်းလင်းက ချောကလက်လေးတစ်ခု ထုတ်ပြီး မုပိုင်ကို ပေးလိုက်သည်။

“ဒါ သားအကြိုက်ဆုံး မုန့်လေး၊ အရမ်းစားလို့ကောင်းတယ်။ တစ်ခုစားလိုက်တာနဲ့ နေလို့ကောင်းသွားတာ၊ အဲဒါကြောင့်မားလည်း နေလို့ကောင်းသွားမယ်ဆိုတာသေချာတယ်”

“အိုကေ” မုပိုင် အပြုံးချိချိုလေးဖြင့် ချောကလက်ကို ယူထားလိုက်ပြီး ရှင်းဟယ်ဖက်သို့ လှည့်လိုက်သည်။ သူမမျက်ဝန်းထဲမှ ကြင်နာမှုကို တွေ့လိုက်ရသည်။

"ဒါဆို…တာ့တာ" ကလေးလေးက ပြန်သွားလေသည်။

ရှင်းဟယ် သူမကလေးလေး လှည့်ပြန်သွားသည်ကို ကြည့်ကာ ဝမ်းနည်းနေမိသည်။ ခဏလေး တွေ့ဆုံရချိန်တွင် သူမ စကားလေးတစ်ခွန်းပင် မပြောလိုက်ပေ။ သူမ ကလေးကို မခြောက်လှန့်ချင်ပေ။

“ဒါ မင်းအတွက်” မုပိုင်က သူမကို ချောကလက်လှမ်းပေးပြီး ဖြည်းဖြည်းချင်း ရှင်းပြလာသည်။

“သူ့ကိုပါ ဒီထဲဆွဲထည့်လိုက်တာ မကောင်းဘူးထင်လို့၊ ကလေးကို စိတ်ရှုပ်သွားတာပဲ အဖတ်တင်လိမ့်မယ်လေ”

“ဟုတ်တယ်” ရှင်းဟယ် ချောကလက်ကို ယူထားလိုက်ပြီး ဗီလာဆီသို့ သွားလိုက်သည်။

သူမမျက်လုံးတွင် စိတ်ပိုင်းဖြတ်ထားခြင်းတို့ အထင်းသား။ သူမသားနှင့် ခဏတွေ့ဆုံလိုက်ရသည်က သူမ မူလခန္ဓာကိုယ်ကို ပြန်ရယူရန် ပိုပြီးအားတက်သွားလေသည်။

ရှမုန့်သည် ရှင်းဟယ်ခန္ဓာကိုယ်ဖြင့် နိုးလာပြီးနောက် ခံစားချက်များရှုပ်ထွေးနေ၏။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now