အခန်း ၂၁၃။
ပို၍ တောက်ပနေသော သူမ
မစ္စရှီး(မုပိုင်ရဲ့အမေ)ဘေးတွင် ထိုင်နေသော ရှီးသခင်မကြီး(မုပိုင်ရဲ့အဘွား)က အကြီးအကဲ တစ်ဦးထက် ညီအစ်မနှယ် ပိုတူနေပေတော့သည်။ အမှန်တကယ်တွင် သူမက မစ္စရှီးထက်တောင် ပိုလှပသေးသည်။ မျက်နှာပေါ်ရှိ အရေးအကြောင်းများကလည်း ခပ်ဖျော့ဖျော့ ထင်နေသော လှိုင်းများကလည်း သူတို့၏ လက်ရာမြောက်မှုကို ပိုမို ထင်းနေစေသည်။ ငယ်ရွယ်စဉ်က သူမမည်မျှ ကျက်သရေ ရှိခဲ့မှန်း မှန်းဆနိုင်ပေ၏။
ဝတ်စားထားပုံကလည်း ကျက်သရေရှိပြီး အထက်တန်းလွှာ ဆန်ပေ၏။ ရိုးရိုးရှင်းရှင်း အပြာရောင် ပဝါကို လည်ပင်းတွင် ပတ်ထားသည်မှာ သူမ၏ အလှကို သိမ်မွေ့စေရုံသာမက ညာဖက်လက် မရှိတာကိုလည်း ပါးနပ်စွာ ဖုံးကွယ်ထားနိုင်ပေ၏။
အနီးကပ် မကြည့်မိလျှင် သူမ လက်ပြတ်နေမှန်း မည်သူမျှ သိမှာ မဟုတ်ချေ။
ပြီးပြည့်စုံမှုနှင့် အလှတရား ပေါင်းလိုက်ရင် ဘဝကို ကုန်ဆုံးခဲ့သည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။
လူချင်းတွေ့ပြီးနောက် ရှင်းဟယ်သည် ရှီးမိသားစုက ပြီးပြည့်စုံသော လက်တုကို တည်ဆောက်ရန် အရင်းအမြစ်များစွာ သုံးစွဲနေရသည့် အကြောင်းအရင်းကို ရှင်းဟယ် နောက်ဆုံးတော့ သဘောပေါက်သွားပြီ ဖြစ်သည်။ ရှီးသခင်မကြီးကဲ့သို့ အမျိုးသမီးမျိုးက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပုံပျက်နေသည့် တည်ရှိမှုကိုခွင့်ပြုမှာ မဟုတ်ပေ။
ရှီးဖိုးဖိုးက သူ၏ ပထမဆုံး ဇနီးသည်ကို တန်ဖိုးထားနေရသည့် အကြောင်းအရင်းကိုလည်း သူမ နားလည်သွားသည်။ သူမ၏ အလှကလည်း တစ်ဘဝလုံးစာ မြတ်နိုးသွားစေရန် လုံလောက်ပေ၏။
ရှင်းဟယ်က အထဲသို့ ဝင်လာပြီး တစ်မိနစ်တွင် အခန်းကို အကဲဖြတ်ပြီးသွားသည်။ စတူဒီယိုထဲရှိ လူများကလည်း သူမကို အထက်အောက် စိုက်ကြည့်နေကြ၏။
ထျန်ရှင်းနှင့် ရို့ပင်းတို့ ကြည့်နေသည့် ပုံက ရက်စက်ပေ၏။ သူတို့ မျက်လုံးထဲတွင် မနာလို အားကျသည့် အရိပ်အယောင်များ ရှိနေသည်။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...