အခန်း ၃၀၅

1K 56 2
                                        

အခန်း ၃၀၅။ သူ့ရှေ့မှာကို သူမကို စနောက်နေသေး

ယဲ့ရှန် လက်မှတ်ထိုးပြီးသည်နှင့် သက်တော်စောင့်က ကွာရှင်းစာချုပ်ကို လှမ်းယူလိုက်သည်။

သူက သေချာဖတ်ကြည့်ပြီးနောက် "မစ္စရှ အားလုံးပါပါတယ်" ဟု ပြောလျက် ရှင်းဟယ်ဆီသို့ လှမ်းပေးလိုက်သည်။
ရှင်းဟယ် ယူလိုက်ပြီး တစ်ချက်စစ်ကြည့်လိုက်ပြီးနောက် "အခုကစပြီး
နင် ယဲ့ရှန်နဲ့ ငါ ရှမုန့်တို့ကြားမှာ ဘာပတ်သက်မှုမှမရှိတော့ဘူးဆိုတာ
မှတ်ထားလိုက်" ဟု ပြောလိုက်သည်။

"ဒါပေါ့" ယဲ့ရှန်က ပျော်ရွှင်စွာပြောလာသည်။

"ဒါပေမဲ့ ငါတို့က တစ်ခါကတစ်အိပ်ရာထဲမှာ အိပ်ခဲ့ကြတာပဲဟာ၊ မင်း လိုအပ်လာရင် ငါ့ဆီလာအကူအညီတောင်းလို့ရတယ်နော်။ သေချာပေါက် မင်းနဲ့ ရှီးမုပိုင်ကြား အဆင်ပြေဖို့
ဆုတောင်းပေးပါတယ်၊ ဒါပေမဲ့ ဘယ်သူကသိနိုင်မှာလဲ၊ မင်း သူ့ကို အရူးလုပ်ပြီးလက်ထပ်နိုင်ရင်လည်း လက်ထပ်လိုက်နိုင်မှာပေါ့။ ဟားဟားဟား..."

ယဲ့ရှန်စကားတွင် လှောင်ပြောင်မှုက အထင်းသား။ ရှင်းဟယ်က သေချာပေါက်
သိပေသည်။

ယဲ့ရှန်၏ သရော်သည့်မျက်နှာကို ကြည့်လျက် သူ့ကို ရှင်းဟယ်က ညင်သာစွာ
သတိပေးလိုက်လေသည်။

"တူတူပဲနော်၊ နင် အကူအညီလိုရင်လည်း ငါ့ကို လာရှာပေါ့"

"မင်းက ငါ့ကို ကြိုဆိုဦးမယ်ပေါ့" ဟု ယဲ့ရှန်က မယုံနိုင်စွာ မေးလိုက်သည်။

ရှင်းဟယ်က ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့ တံခါးတွေကို အမြဲဖွင့်ထားတယ်"

"ကောင်းပြီ၊ ကောင်းပြီ။ အကူအညီလိုရင် လာရှာပါ့မယ်"

ယဲ့ရှန်က ပစ္စည်းများကို သိမ်းပြီး အပြုံးကြီးပြုံးကာ ထွက်သွားတော့သည်။

သို့သော် သူ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပြန်လှည့်လာကာ "တကယ်တော့လေ ရှမုန့် မင်းကို အမှန်တိုင်းပြောရရင်လေ ကိုယ် မင်းရဲ့ ပုံစံသစ်ကို တော်တော်လေး သဘောကျတယ်။ မင်းသာ အစကတည်းက ဒီလိုလေးပြုမူပြီး ပူးပေါင်းခဲ့ရင်လေ ကိုယ်တို့ကွာရှင်းရမှာကို မဟုတ်ဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ၊ မင်းအပေါ် ခံစားချက်ကျန်နေတာကလည်း ကိစ္စမရှိပါဘူး။ အဲတော့ မင်းလိုချင်လာရင် ကိုယ့်ဆီလာရှာနော်၊ မင်းအယားပြေအောင် ကူညီပေးမယ်လေ... မင်းသာ ကိုယ့်ဆိုလိုရင်းကို သဘောပေါက်ရင်ပေါ့"ဟု ပြောလေသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Hikayelerin yaşadığı yer. Şimdi keşfedin