အခန်း ၂၂၅။
ငါနင့်ကိုသတ်ပစ်မယ်
“ဟုတ်တယ်။ အဲဒါတင်မကသေးဘူး၊ သူကလေ ရှရှင်းဟယ်ကို ပစ်မှတ်မထားဖို့ ငါတို့ကိုတောင် သတိပေးသွားသေးတာ မဟုတ်ရင် သူက ငါတို့ကိုသူကိုယ်တိုင်ဖြေရှင်းမယ်တဲ့” ရို့ပင်း ထျန်းရှင်းကို ဒေါသထွက်လာရန် တမင်ပိုပြောလေသည်။
“တကယ်လို့ ရှရှင်းဟယ်သာ ဒီပရောဂျက်ကိုအောင်မြင်သွားရင် သခင်မကြီးရှီးကတောင် သူတို့ ပြန်လက်ထပ်မှာကို ခွင့်ပြုပေးမယ်လို့ ကတိပေးလိုက်တယ်
ထိုချိန်၌ ထျန်းရှင်း ရှော့ခ်ရသွားပြီး ဆွံ့အသွားသည်။သူမရင်ထဲ ကြောက်ရွံ့လာပြီး ခေါင်းစခြေဆုံး အေးစက်သွား၏။
ရို့ပင်း၏စကားများကို နားမထောင်တော့ပေ။ ရုတ်တရက် သူမမျက်လုံးမှာ အာရုံစူးစိုက်သွားပြီး သူမလက်ထဲမှဖုန်းကို နံရံဆီသို့ ကောက်ပေါက်လိုက်သည်။
ထို့နောက် သူမ ထသောင်းကျန်းလေသည်၊ မြင်ကွင်း၌ ရှိရှိသမျှကို ဖြဲကာ စူးစူးဝါးဝါးအော်ဟစ်နေ၏။
“ဘာတွေဖြစ်နေတာလဲ” မစ္စတာချုနှင့် မစ္စစ်ချု သူမအာခေါင်ခြစ်အော်သံကို ကြားလိုက်၍ အခန်းထဲသို့ ဝင်လာလေသည်။ ထျန်းရှင်းအခန်း ပွရှုပ်နေသည်ကိုမြင်လိုက်သော် မှင်သက်နေကြသည်။
“ထျန်းရှင်း အဆင်ပြေရဲ့လား” မစ္စစ်ချူက သူမသမီးကိုသူစိမ်းတစ်ယောက်ကဲ့သို့စိုက်ကြည့်ကာ စိုးရိမ်တကြီး မေးလေသည်။
ထျန်းရှင်း၏ဆံပင်မှာ ရှုပ်ပွနေပြီး သူမမျက်နှာမှာ နာကျင်မှု၊ စိတ်ဆိုးမှုတို့ရောနှောနေပြီး သဘာဝဘေးအန္တရာယ်ကြုံတွေ့လိုက်ရသူနှင့် တူနေသည်။
“ရှရှင်းဟယ်…” ထျန်းရှင်း ထိုနာမည်ကို ဆဲရေးသည့်စကားလုံးကဲ့သို့ အသံထွက် ပြောလိုက်ပြီး သူမ မျက်လုံးတွင် အမုန်းတရားတို့ဖြင့် လက်နေ၏။
“ငါနင့်ကိုသတ်မယ်၊ ငါနင့်ကိုသေချာပေါက် သတ်ပစ်မယ်”
စာကြည့်ခန်းထဲ၌ အလုပ်လုပ်နေသော ရှင်းဟယ်မှာ တုန်ယင်သွားပြီးနှာချေလေသည်။
BẠN ĐANG ĐỌC
ဝေးလွင့်ပြီးသော အတိတ် (၂)
Lãng mạnကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...