အခန်း ၃၁၁။ ကမ္ဘာပျက်ဟောစာတန်း
ရှင်းဟယ်က ပြုံးလိုက်ကာ
“အဲဒါက ရှီးအင်ပါယာက ရှင့်ကို တရားစွဲထားတဲ့ အမှုကို ရုပ်သိမ်းတဲ့ ဆုလိုမျိုးပေါ့”
“တကယ်ကြီးလား”
ယဲ့ရှန်းက အလန့်တကြားဆိုလိုက်သည်။
“ရှင့်ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရှင့်အဖြေပေါ် ကျွန်မ ကျေနပ်မှု ရှိမရှိပေါ်မှာ မူတည်မှာပေါ့”
“ငါမင်းနဲ့ တစ်ရာ ရာခိုင်နှုန်း ပူးပေါင်းပေးမယ်။ မင်းမေးသမျှ မေးခွန်း တစ်ခုချင်းစီကို ငါဖြေပေးမယ်”
လွတ်လပ်မှု၏ အနှစ်သာရအတွက် ယဲ့ရှန်းသည် သူ့အသက်နှင့် ရင်းပြီး ကတိပေးနိုင်၏။ သူတစ်ဘဝလုံး အသားဟင်း တစ်ခွက်သာ ကျွေးသည့်ထောင်ထဲတွင် မဖြတ်သန်းချင်ပေ။ မည်သည့် လျှို့ဝှက်ချက်မှ ယင်းထက် အရေးမကြီးပေ။
ယဲ့ရှန်း၏ စိတ်အခြေအနေက လုံးဝကို ရှုပ်ထွေးနေသည်။
သူ့အရင်က ခွေးတစ်ကောင်လောက်တောင် မဆက်ဆံခဲ့ဖူးသည့် သူ့ရှေ့ရှိ မိန်းမ တစ်ယောက်က သူ့ခေါင်းပေါ် တက်ခွနေသည်။ သူမက ရှီးမုပိုင်ကိုတောင် သူမလက်ချောင်းလေးများနှင့် လည်အောင် စီမံနိုင်စွမ်း ရှိသည်။
သူမ မည်ကဲ့သို့ လုပ်လိုက်သနည်း။ သူမ ထူးချွန်လာမည်မှန်း သူသိခဲ့ပါက သူ့အနေဖြင့် အရင်က ဆိုးဆိုးဝါးဝါး ဆက်ဆံလိမ့်မည် မဟုတ်ချေ။
ရှင်ဟယ်တွင် သူ့ခံစားချက်များကို ဂရုစိုက်ရန် အချိန်မရှိ။ သူမက တန်းမေးလိုက်တော့သည်။
“ကျွန်မကို ပြော ရှင် ပရောဂျက်ဂလက်ဆီ အကြောင်းကို သိတယ်မလား”
“မင်းလည်း ဒီအကြောင်းကို သိတာလား"
ထိုစကားလုံးကို မပြောရန် မထိန်းနိုင်ခင် သူ့ပါးစပ်မှ ထွက်သွားခဲ့သည်။
ရှမုန့်က အမြဲတမ်း သူ့ရှေ့တွင် နုံအအပုံ ပြုမူသောကြောင့် သူမ ဘာအကြောင်းမှ မသိဟု တွေးခဲ့သည်။
“ရှင်သိသမျှ အကုန် ကျွန်မကို ပြော”
မည်သည့် ငြင်းခုန်မှုမှ မပြုလုပ်နိုင်ဘဲ လွှမ်းမိုးနိုင်စွမ်း ရှိသည့်အသံဖြင့် ဆိုလိုက်သည်။
DU LIEST GERADE
ဝေးလွင့်ပြီးသော အတိတ် (၂)
Romantikကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...