အခန်း ၂၇၇။ ရှရှင်းဟယ်က နောက်ဆုံးတော့ နိုးလာပြီ
သူ ငါ့ကို မယုံရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ သူမက ရှင်းဟယ်ဆိုတာ အမှန်အတိုင်း ပြောမဲ့အစား သူ့စိတ်ထဲမှာပဲ သံသယမျိုးစေ့ပျိုးဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။
ကျွန်မရဲ့ နာမည်က ရှမုန့်ပါ။ ယဲ့မိသားစုရဲ့ သခင်မလေး။
မုပိုင်သည် ထိုစာကြောင်းကို မြင်သည့်အချိန်၌ မျက်ဝန်းများ မှေးကျဉ်းလိုက်မိ၏။ နောက်ထပ် မေးခွန်းများ မေးမည့်အချိန်တွင် စာကြည့်ခန်းထဲသို့ အိမ်အကူတစ်ယောက်က ကမူးရှူးထိုး ဝင်လာပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“သခင်လေး။ မစ်ရှ နိုးလာပြီ။ သူနိုးလာပြီ”
မုပိုင်သည် ခုံမှ ထလိုက်၏။ သူ့ရင်ထဲ ပျော်ရွှင်မှုတို့ ပြည့်သွားသည်။
“တကယ်လား”
သူက အလျင်စလို မေးလိုက်တော့သည်။
“ဟုတ်တယ်”
မုပိုင်သည် ရှင်းဟယ်ဆီသို့ ကမန်းကတန်း ပြေးသွားရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သို့သော် အနည်းငယ် တွေဝေနေ၏။ သူ၏ ကွန်ပျူတာကို တစ်ချက်ကြည့်ပြီး နောက်ဆုံးတွင် ပိတ်ရန် ဆုံးဖြတ်လိုက်သည်။ ပြီးနောက် ရှင်းဟယ်ကို သွားစစ်ဆေးတော့သည်။
ရှင်းဟယ်နားတွင် သူနာပြုများ၊ ဆရာဝန်များ ဝိုင်းနေသည်။ မုပိုင် ရောက်လာသည့် အချိန်၌ သူမက နိုးနေပြီဖြစ်သည်။
“ရှင်းဟယ်”
သူမ အမှန်တကယ် နိုးလာပြီဖြစ်ကြောင်း မြင်သည့်အချိန်၌ သူကသူမ၏ အမည်ကို စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်၏။ မုပိုင်က သူမဘေးသို့ ပြေးလာလုနီးပါး ဖြစ်နေကာ ပြောလိုက်၏။
“မင်းနောက်ဆုံးတော့ နိုးလာပြီ”
ခုတင်ပေါ်တွင် လှဲနေသည့် ရှင်းဟယ်က သူ့ကို ပေါ့ပေါ့းပါးပါး ပြုံးပြလိုက်သည်။
“ရှင့်ကို စိုးရိမ်ပူပန်အောင် လုပ်မိတဲ့အတွက် ကျွန်မတောင်းပန်ပါတယ်”
ရှင်းဟယ်ကို ထိမည့် မုပိုင်၏ လက်က လေထဲတွင် တန့်သွား၏။ သူ၏ မျက်လုံးထဲရှိ သိချင်သည့် အရိပ်အယောင်ကို မည်သူမှ သတိမပြုမိခဲ့ပေ။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...