အခန်း ၃၁၈
။ အိပ်မက်ဆိုး
ရှင်းဟယ်သည် သူမ မျက်လုံးကို ပင့်လိုက်သည့်အခါ သူမက သူ့စိတ်ဝိညာဉ်ကို ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
"ငါမှားလို့လား"
အမျိုးသား၏မျက်လုံးများက မှေးဆင်းသွားပြီး
"ငါတကယ်ချီးကျူးပါတယ်။ မင်းက သေခြင်းတရားကို ရင်ဆိုင်ရတာတောင် ရဲရင့်ရုံသာမကဘူး မင်းက လေတော်တော်ရှည်သေးတာပဲ"
သို့သော် အကြောက်ဆုံးအရာကား သူမ၏ စကားနောက်ကွယ်တွင် ဆင်ခြင်နိုင်စွမ်းရှိသည့် စိတ်ထားကို ဖြစ်ပြီး သူမအနေဖြင့် အကြောက်တရားကြောင့် ထိတ်လန့်နေမည် မဟုတ်ချေ။ အနည်းငယ် ပြောဆိုရုံဖြင့် သူ့အတွေးကို ဖတ်နိုင်စွမ်းရှိသည်။ သူဝန်ခံရပါက ထိုမိန်းမက တကယ်ကို တစ်ခုခုဖြစ်ကာ သူ့အတွက် ထိုပစ္စည်းသည် သူမနှင့်အတူ ရှိမနေကြောင်း ယုံကြည်ရန် ပိုတောင် ခက်ခဲစေသည်။
ထိုအမျိုးသားက ရှေ့ကို ခြေတစ်လှမ်းတိုးလာပြီးနောက် သူမနဖူးကို သေနတ်ဖြင့် ချိန်လိုက်တော့သည်။
သူ၏အသံက ရှင်းဟယ်ကို ကြောက်လန့်အောင် လုပ်လိုက်ကာ
"ငါမင်းကို နောက်တစ်ကြိမ်မေးမယ် အဲဒီပစ္စည်းက ဘယ်မှာလဲ"
ရှင်းဟယ်က သူ၏မျက်နှာကို ကြည့်လိုက်သည်။ ထိုနီးကပ်သော အကွာအဝေးက နောက်ဆုံးတွင် သူမကို ပြန်ပေးဆွဲသွားသူအား ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။ သူက အရပ်ရှည်ပြီး ဒေါင်ကောင်းကာ ကောက်ကြောင်းလည်း အလွန်ပင် ပြည့်စုံနေသည်။
သူ၏ပုံပန်းသွင်ပြင်က မုပိုင်နှင့်် ဆင်သည်။ သို့သော် အကြီးမားဆုံးကွာခြားချက်မှာ သူတို့နှစ်ယောက်၏ မျက်လုံးများပင်ဖြစ်ပေသည်။
မုပိုင်၏မျက်လုံးများသည် အမြဲတမ်းတည်ငြိမ်ပြီး အာရုံစူးစိုက်မှု အပြည့်ရှိသည်။ သူတို့ပြောဆိုပုံသည် တစ်ကမ္ဘာလုံးကို သူတို့ ပိုင်ဆိုင်သည့် အတိုင်းပင်။ အကျဉ်းချုပ်ကြည့်ပါက ထိုလူ၏ မျက်လုံးများသည် သတိကြီးကြီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေသေးသည်။ သူတို့သည်ကတစ်ပါးသူအပေါ် ယုံမှား သံသယလွန်ကဲစွာဖြင့် ပြောဆိုကြသည်။ ရှင်းဟယ်က ထိုကဲ့သို့သော လူအများစုသည် သွေးအေးပြီး သူတို့၏ပန်းတိုင်ကို မရောက်မချင်း ဘာမဆိုလုပ်မည်အကြောင်းကို သူမ သိပေသည် ။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...