အခန်း ၂၃၄။
သူက ငါ့ရဲ့ ဒီဇိုင်းကို ခိုးသွားတာ
သူက ဘာမျှ မပြောဘဲ ရှကျီကို ကြည့်လိုက်၏။ ရှကျီက ကျူတံကို ယူပြီး သူ့လက်ထဲတွင် သယ်လာသည့် သေတ္တာကြီးကို ကြည့်လိုက်တော့သည်။ ဖွင့်လိုက်သည့် အချိန်တွင် လူ့လက်နှင့်ဆင်တူသည် လူလုပ် လက်တု တစ်ခု ပေါ်လာတော့သည်။ မုပိုင် အပြင် အားလုံးက ထိတ်လန့်သွားကြတော့၏။
“ဒါ...ဒါက ရို့ပင်းရဲ့ ဟာနဲ့ တူမနေဘူးလား”
သူမပြောတာ မှန်ပေသည်။ လက်မောင်းက ရို့ပင်း၏ လက်မောင်းနှင့် တစ်ထပ်တည်း တူနေပေသည်။
သူတို့သည် ရို့ပင်း၏ ထုတ်ကုန်ကို လေ့လာပြီး ဖြစ်သောကြောင့် တူညီမှုများကို အထင်မမှားနိုင်ပေ။
ရို့ပင်း ဒေါသတကြီး ရှေ့တိုးသွား၏။
“ရှရှင်းဟယ် ဒီတော့ နင်က ငါ့ပစ္စည်းကို ခိုးယူခဲ့တာကို။ ဒါက နင့်လက်ရာ မဟုတ်ဘူး။ ငါ့ဟာပဲ။ ငါ့ရဲ့ အဖွဲ့က ပုံကြမ်းသုံးခု ဖန်တီးခဲ့တာ။ နင်ယူခဲ့တဲ့ဟာက ငါ့ပစ္စည်းတွေထဲက တစ်ခုပဲ”
လူအုပ်ကြီးက ထိတ်လန့်တုန်လှုပ်သွားသည်။ ရှရှင်းဟယ်သည် ရို့ပင်း၏ ဒီဇိုင်းကို ခိုးယူခဲ့ပြီး သူမ၏ အပိုင်ဟူ၍ မည်ကဲ့သို့ ဟန်ဆောင်နိုင်သနည်း။ ထိုအမျိုးသမီးက အမှန်တကယ် အရှက်မရှိပေ။
မစ္စရှီးက ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
“ရှရှင်းဟယ် တခြား တစ်ယောက် အပိုင်ကို နင်ဘယ်လိုလုပ် ခိုးယူနိုင်တာလဲ။ ဒါက တရားမဝင်ဘူး။ တရားဆွဲလို့ရတယ်။ နင့်ဘာသာနင် ရှင်းပြတာ ပိုကောင်းမယ်”
“ရှင်းဟယ် နင်ဒါမျိုးကို ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ”
ထျန်းရှင်းသည် ဝိုင်းပြောရန် အခွင့်အရေးကို ယူလိုက်၏။ အမျိုးသမီးနှစ်ယောက်လုံးက လူအုပ်ကြီး၏ အမြင်အတိုင်း ပြောနေတာ ဖြစ်သည်။
အားလုံးနီးပါးက ရှင်းဟယ်ကို နှိမ့်ချသည့် အကြည့်ဖြင့် ကြည့်လာကြတော့သည်။ တစ်ခုတည်း ခြွင်းချက်က မုပိုင်သည် ယုံကြည်ချက်ရှိသည့် အပြုံးရှိနေသေးဆဲ ဖြစ်သည်။ သူက ရှင်းဟယ်ကို ယုံကြည်သည် သူမ၏ အခြေအနေကို ကျော်ဖြတ်နိုင်မှာပဲ ဖြစ်၏။
JE LEEST
ဝေးလွင့်ပြီးသော အတိတ် (၂)
Romantiekကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...