အခန်း ၂၂၉

964 87 1
                                    

အခန်း ၂၂၉။

ခေါင်းဆောင်ယွင်၊ ကျွန်တော်တို့ လုပ်နိုင်သွားပြီ

လော့ကျွင်းက စိုးရိမ်တကြီးပြောလိုက်သည်၊ “မစ္စရှ၊ ကျွန်တော်တို့ ခုမှစလုပ်ရင် နောက်ကျမနေဘူးလား။ ယွင်ရို့ပင်းက သူမဒီဇိုင်းကို ပြီးတောင်ပြီးသွားပြီကို”

ရှင်းဟယ် တည်ငြိမ်နေဆဲပင်။ “အဲဒါက သူ့ကိစ္စလေ၊ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့နောက်ဆုံးပစ္စည်းကပဲ စကားပြောမှာ”

“ဒါပေမဲ့ ကျွန်တော် ရို့ပင်းရဲ့ဒီဇိုင်းကို မြင်ဖူးတယ်။ မစ္စရှ ကျွန်တော် ပြောရမှာ အားနာပေမဲ့ မစ္စရှက မမြင်ဖူးသေးလို့၊ အဲဒါက…”

ရှင်းဟယ် ကွန်ပျူတာဖန်သားပြင်ပေါ်၌ သူမဒီဇိုင်းကို တင်လိုက်စဉ်လော့ကျွင်း၏စကားလုံးများ ပါးစပ်ထဲပြန်ဝင်သွားသည်။

သူ ဖန်သားပြင်ကိုသာ စိုက်ကြည့်နေသည်။ သူ့မျက်လုံးတို့မှာ ငွေဒင်္ဂါးများကဲ့သို့ဝိုင်းစက်နေ၏။

“ဒီ၊ ဒီ ဒီဇိုင်းက…”

“ဟိုမိန်းမဟာနဲ့ တစ်ပုံစံတည်းပဲလား” ရှကျီက သူ့အတွေးကို အဆုံးထိဆက်ပေးလိုက်သည်။

လော့ကျွင်းက ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်သည်။

“အသေအချာပဲ၊ လုံးဝ တူတူပဲ။ မစ္စရှဟာနဲ့ ရို့ပင်းဟာနဲ့ တူနေရတာလဲ”

“ဘာလို့လဲဆိုတော့ အဲအကျင့်မကောင်းတဲ့ မိန်းမက ကျွန်တော့်အစ်မ ဒီဇိုင်းကိုခိုးသွားလို့လေ” ဟု ရှကျီက အထင်သေးအမြင်သေးဖြင့် ပြောလိုက်သည်။ “သူက သူများဟာကို ခိုးပြိီး သူ့အပိုင်လို့ပြောရဲသေးတယ်၊ တကယ်အရှက်မရှိတဲ့မိန်းမ”

လော့ကျွင်း အံ့ဩလွန်း၍ စကားစပင် ရှာမရချေ။ “ရို့ပင်းရဲ့ ဒီဇိုင်းက တကယ်တော့ မစ္စရှဆီက ခိုးလာတာလား”

“ဟုတ်တယ်လေ”

လော့ကျွင်းမျက်လုံးများ လေးစားမှုအပြည့်နှင့် ဖြစ်သည်။

“မစ္စရှ လက်ရာက တကယ် လေးစားဖို့ကောင်းတယ်။ အဲဒါကြောင့်ကို နှစ်တော်တော်ကြာကြာ ဘာတိုးတက်မှုမရှိဘဲနဲ့ မစ္စရှ ရောက်လာပြီးမကြာဘူး၊ ရုတ်တရက်ကြီး ရို့ပင်း ရက်အနည်းငယ်အတွင်း ဒီဇိုင်းပြီးသွားတာ။ အခုမှပဲ အဓိပ္ပာယ်ရှိတော့တယ်။ ဒါပေမဲ့ သူ့ကိုဘာလို့မဖော်ထုတ်တာလဲ၊ သူမ နောက်ဆုံးလက်ရာကပြီးတော့မယ်၊ တကယ်လို့ မစ္စရှသာ ဒါကို သူလုပ်ပြီးမှ ဖော်လိုက်ရင် အားလုံးက ထင်လာ…”

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora